တမူးမြို့က ဆိတ်မွေးမြူသူများ စီးပွားရေးတွက်ခြေကိုက်နေ

တမူးမြို့က ဆိတ်မွေးမြူသူများ စီးပွားရေးတွက်ခြေကိုက်နေ

တမူးမြို့က ဆိတ်မွေးမြူသူများ စီးပွားရေးတွက်ခြေကိုက်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့က တနိုင်တပိုင်ဆိတ်မွေးမြူသူများ နေ့စဥ်ဝင်ငွေကောင်း၍ စီးပွားရေးတွက်ခြေကိုက်နေကြောင်းသိရသည်။

တမူးမြို့တွင် တနိုင်တပိုင်ဆိတ်မွေးမြူသူ ခြောက်ဦးရှိပြီး နို့ပြတ်ပြီး ဆိတ်မ မဒါန်းတစ်ကောင် ကျပ်တစ်သိန်းခွဲ၊ အရွယ်ရောက်ပြီး ဆိတ်တစ်ကောင်ကျပ် သုံးသိန်းခွဲမှ လေးသိန်းဝန်းကျင် ပေါက်စျေးရှိသည်။

တမူးမြို့က ဆိတ်မွေးမြူသူများ စီးပွားရေးတွက်ခြေကိုက်နေ တမူးမြို့က ဆိတ်မွေးမြူသူများ စီးပွားရေးတွက်ခြေကိုက်နေ

“ဆိတ်မွေးမြူတာ အစာစရိတ် သက်သာတယ်။ အစာဖိုး သီးသန့်မကုန်ဘူး။ သဘာဝအလျောက် လွတ်ကျောင်းပုံစံနဲ့ မွေးမြူတာပါ။ အပြင်ထွက်ပြီး မကျောင်းအားရင် အိမ်မှာဘဲ ပဲရိုး၊ ပြောင်းရိုးကို တစ်ရက်သုံးကြိမ် ကျွေးတယ်။ ဆိတ်နို့က တစ်ရက်ကို ခြောက်သောင်းဖိုး ပုံမှန်ရောင်းရတယ်။ တစ်ပိသာနှစ်သောင်းနဲ့ ပုံမှန်သုံးပိသာ နို့ညှစ်ရောင်းတယ်”ဟု ဆိတ်မွေးမြူသူ ဦးကျော်ဟိန်း ကပြောသည်။

ဆိတ်မတစ်ကောင်သည် တစ်နှစ်လျှင် သားနှစ်ကြိမ်ပေါက် နှစ်ကောင်မွေးသည့်အတွက် မွေးမြူသူတွက်ချေကိုက်သည့် လုပ်ငန်းဖြစ်ပြီး ဆိတ်ချေးကို သီးနှံစိုက်တောင်သူများကို သုံးဘီးတစ်စီးလျှင် ကျပ် ငါးသောင်း ဝန်းကျင်ရောင်းရကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/04/30/%e1%80%90%e1%80%99%e1%80%b0%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%80-%e1%80%86%e1%80%ad%e1%80%90%e1%80%ba%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%99%e1%80%bc%e1%80%b0%e1%80%9e/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 37分钟前
下一篇 31分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....