ပြည်တွင်းစပါးဈေး ကောင်းမွန်ခြင်းကြောင့် နွေစပါးကို တိုးမြင့်စိုက်ပျိုးလာ

ပြည်တွင်းစပါးဈေး ကောင်းမွန်ခြင်းကြောင့် နွေစပါးကို တိုးမြင့်စိုက်ပျိုးလာ

ပြည်တွင်းစပါးဈေး ကောင်းမွန်ခြင်းကြောင့် နွေစပါးကို တိုးမြင့်စိုက်ပျိုးလာ

ပြည်တွင်းစပါး ဈေးကောင်းမွန်တာကြောင့် နွေစပါးကို တိုးမြင့်စိုက်ပျိုးလာကြောင်း စပါးစိုက်တောင်သူ များထံက သိရသည်။

ပြည်တွင်းနွေစပါးပေါက်ဈေးမှာ တင်း ၁၀၀ လျှင် ငွေကျပ် သိန်း ၂၀ ကျော် ပေါက်ဈေးရှိခြင်းကြောင့် ဆည်ရေရှိသည့် နွေစပါးစိုက်တောင်သူများမှာ စပါးကို ကွင်းပြည့်ကွက်ပြည့် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးစရိတ်မှာလည်း ယခင်နှစ်များထက် ဈေးမြင့်တက်လာကြောင်း၊ ပုသိမ်ကြီးမြို့နယ်မှ စပါးစိုက်တောင်သူ ဦးချစ်ဝေ ကပြောသည်။

“စပါးဈေးကောင်းမွန်တော့ ဒီနှစ် နွေစပါးစိုက်နိုင်တဲ့ တောင်သူတွေကတော့ ကွင်းပြည့်ကွက်ပြည့် စိုက်ပျိုးကြပါတယ်။ အချို့တောင်သူတွေကတော့ နှမ်းနဲ့ နေကြာ အနည်းငယ်စိုက်ပျိုးကြတယ်။ စိုက်ပျိုးစရိတ်က ဒီနှစ်ပိုတက်လာပါတယ်။ မျိုးဈေးနဲ့ ထွန်ထယ်စရိတ်တွေ၊ လုပ်သားခ ၊ ကောက်စိုက်စရိတ်တွေ ဈေးမြင့်တက်လာပါတယ်။ စပါးဈေးကတော့ တင်း ၁၀၀ ငွေကျပ် သိန်း ၂၀ ကျော် ပေါက်ဈေး ရှိနေပါတယ်”ဟု ၎င်းကပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင် နွေစပါးစိုက်ဧက ၁၅၀၀၀၀ ခန့်ရှိပြီး ပုသိမ်ကြီးမြို့နယ်အတွင်း နွေစပါး စိုက်ဧက လျာထား ဧက ၁၉၇၃၇ ရှိပြီး ဧပြီ လကုန်ထိ အမှန်စိုက်ပျိုးဧကမှာ ၁၈၆၉၈ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အတွင်း နွေစပါးကို ဆင်းသုခ၊ မနေသုခ၊ နာကောက်၊ ရက်၉၀ စပါး၊ ရွှေသွယ်ရင် စပါးမျိုးကို အများဆုံးစိုက်ပျိုးကြောင်း နှင့်လက်ရှိ စပါး တင်း ၁၀၀ လျှင် ငွေကျပ် သိန်း ၂၀ ကျော်ပေါက်ဈေး ရှိနေပြီး နွေစပါးပေါ်ချိန်တွင် ဈေးကောင်းရရှိရန်မျှော်လင့်ထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စာရင်းများအရ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ပြည်ပကို ဆန်တန်ချိန် ၁.၆ သန်းကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၄၅ သန်းကျော် ရရှိထားသည်။

ယခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ပကို ဆန်တန်ချိန် ၂ သန်းနီးပါး တင်ပို့ဖို့ လျာထားပြီး ပြည်ပဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရရှိရန် မျှော်မှန်းထားကြောင်းသိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/04/30/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%85%e1%80%95%e1%80%ab%e1%80%b8%e1%80%88%e1%80%b1%e1%80%b8-%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 40分钟前
下一篇 34分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....