ပို့ကုန် ဆန်တင်ပို့မှု ရည်မှန်းချက် အောင်မြင်ရန် အစိုးရ၊ လုပ်ငန်းရှင်များနှင့် တောင်သူများ သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်သွားမည်

ပို့ကုန် ဆန်တင်ပို့မှု ရည်မှန်းချက် အောင်မြင်ရန် အစိုးရ၊ လုပ်ငန်းရှင်များနှင့် တောင်သူများ သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်သွားမည်

ပို့ကုန် ဆန်တင်ပို့မှု ရည်မှန်းချက် အောင်မြင်ရန် အစိုးရ၊ လုပ်ငန်းရှင်များနှင့် တောင်သူများ သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်သွားမည်

ပို့ကုန်ဆန်ရည်မှန်းချက် အောင်မြင်ရန် အစိုးရ၊ လုပ်ငန်းရှင်များနှင့် တောင်သူများ သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းမှ သိရသည်။

ပို့ကုန်ရည်မှန်းချက်ဖြစ်သည့် ဆန်တန်ချိန် ၂ သန်းကျော် တင်ပို့နိုင်ရေးအတွက် တစ်ဧက အထွက်နှုန်း တိုးတက်ကောင်းမွန်လာစေရန်နှင့် ပို့ကုန်ဆန်အမျိုးအစားများ အထွက်နှုန်းကောင်းစေရန်အတွက် အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ တောင်သူများ လာမည့် မိုးစပါးရာသီတွင် စတင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

“အကြောင်းအရာ ၅ ခုကို အဓိကထား ဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။ မျိုးနှင့်ပတ်သက်ပြီး မိုးစပါးစိုက်ပျိုးမှုမှာ ပို့ကုန်ဇုန်တွေသတ်မှတ်ပြီးဖြစ်လို့ ပို့ကုန်အတွက် လိုအပ်တဲ့မျိုးတွေ ပြည်တွင်းဈေးကွက်အတွက် လိုအပ်တဲ့မျိုးတွေ အရည်အသွေးကောင်း မျိုးတွေရရှိဖို့ တောင်သူလယ်သမားတွေဆီ အချိန်မီပို့ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ပို့ကုန်အတွက်လိုအပ်တဲ့ ကရင်မ၊ ထွန်းပု၊ ငစိန်၊ ရက် ၉၀၊ ဆင်းသုခ စပါးမျိုးတွေ လိုအပ်သလို ပြည်တွင်းဈေးကွက်အတွက် ပေါ်ဆန်း၊ ဧရာမင်း၊ မနေသုခ၊ သီးထပ်ရင် စပါးမျိုးတွေ လိုအပ်ပါတယ်။ မျိုးကွဲတွေ မများအောင် ညှိနှိုင်း ဆောင်ရွက်သွားပါမယ်။ မျိုး၊ မြေ၊ ရေ၊ နည်းတွေကို တောင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားပါမယ်။ ပို့ကုန်ကုမ္ပဏီတွေအနေနဲ့ ပို့ကုန်လုပ်ငန်းတစ်ခုတည်း မလုပ်ဘဲ စိုက်ပျိုးထုတ်မှုလုပ်ငန်းတွေမှာ ပါဝင်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ တစ်ဧကအထွက်နှုန်းတိုးအောင် ဆောင်ရွက်မယ့်နည်းလမ်းတွေ ရှာဖွေပေါင်းစပ်နိုင်ရန်လိုအပ်ပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင် က ပြောသည်။

လာမည့်မိုးစပါးရာသီတွင် ပို့ကုန်ရည်မှန်းချက် ဆန်တန်ချိန် ၂သန်းကျော် အမေရိကန်ဒေါ်လာ သန်း ၁၁၀၀ကျော် ပို့ကုန်ဝင်ငွေ ရရှိမျော်မှန်းချက် ပြည့်မီရန် ပို့ကုန်ဆန်အထွက်နှုန်းကောင်းမွန်ရန် အရေးကြီးဆုံးမှာ တောင်သူများ လိုအပ်သည့် မျိုး၊ အရင်းအနှီးများ၊ ဓာတ်မြေဩဇာ များကို စိုက်ပျိုးရာသီအမီ ကျေးရွာများအရောက် ကူညီဆောင်ရွက်သွားရန်လိုအပ်ကြောင်းနှင့် အစိုးရ၊ ပုဂ္ဂလိက၊ တောင်သူများ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းကို ရန်ကုန်မြို့ ကုန်သည်ကြီးအသင်းရုံးတွင် မေ ၄ ရက် ကျင်းပသည့် ဆွေးနွေးပွဲ၌ ပို့ကုန်နှင့် စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးရေး ပူပေါင်းဆောင်ရွက်မှု အစီအစဉ် ဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/05/10/%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%80%e1%80%af%e1%80%94%e1%80%ba-%e1%80%86%e1%80%94%e1%80%ba%e1%80%90%e1%80%84%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%99%e1%80%be%e1%80%af-%e1%80%9b/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3天前
下一篇 3小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....