စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၄)ကို မေလ ၉ ရက်နေ့၊ မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးပြုလုပ်

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်ကဆွေးနွေးတင်ပြသည်။

ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ယခင်အစည်းအဝေးဆုံး ဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု၊ ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် Shwe Ngwe Aye Toe Co,Ltd မှ စစ်ကိုင်းမြို့တွင် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေနှင့်အညီ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ရောင်ချခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလွှာတင်ပြလာခြင်းကိစ္စနှင့် ပတ်သက်၍ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ Shwe Ngwe Aye Toe Co,Ltd မှ တာဝန်ရှိသူတစ်ဦးက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်း တင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်များက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/05/13/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%92%e1%80%b1%e1%80%9e%e1%80%80%e1%80%bc%e1%80%ae%e1%80%b8-5/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1天前
下一篇 14分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....