မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံအထူးဇုန် သတ်မှတ်ကာ ဆောင်ရွက်သွားမည်

မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံအထူးဇုန် သတ်မှတ်ကာ ဆောင်ရွက်သွားမည်

မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံအထူးဇုန် သတ်မှတ်ကာ ဆောင်ရွက်သွားမည်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် (၂၀၂၄)ခုနှစ် စိုက်ပျိုးရာသီမှ စတင်ကာ ဆီထွက်နှံဧက ၃သန်းကို အထူးဇုန်များဖြင့်သတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး အတွင်း စားသုံးဆီဖူလုံရေးအတွက် မြေပဲ ၆၉၉၈၂ ဧက၊ နှမ်း ၂၃၅၇၈၇ ဧက၊ နေကြာ ၅၀၈၃၁ ဧကကို အထူးဇုန်သက်မှတ်ကာ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

“မကွေးဇုန်(၂)ဧရိယာအတွင်း မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံ ဧက ၃၅၀၀၀၀ ကျော် ကိုဆောင်ရွက်သွားမှာပါ။ ၂၀၂၄ -၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးမှု အနေနဲ့ မြေပဲ၊ နှမ်း၊ နေကြာ လျာထား ဆောင်ရွက်နေပါတယ်။ မိုး၊ ဆောင်း၊ နွေ စုစုပေါင်းဧက ၃၅၀၀၀၀ ကျော် စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။ ဆီထွက်သီးနှံ အထူးဇုန်(၂)အတွင်းမှာ မင်းဘူးခရိုင်နဲ့ သရက်ခရိုင်ပါပြီး မင်းဘူး၊ စေတုတ္တရာ၊ ပွင့်ဖြူ၊ ငဖဲ၊ စလင်း၊ သရက်၊ မင်းတုန်း၊ မင်းလှ၊ ကံမ စုစုပေါင်း ကိုးမြို့နယ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြေပဲ၊ နှမ်း၊ နေကြာကို ကွင်းပေါင်း ၅၁၅၄ကွင်းမှာ တောင်သူပေါင်း ၁၁၉၇၉၉ ဦးနဲ့ ဆောင်ရွက်သွားမှာပါ။ တစ်ဧက အထွက်နှုန်း ကောင်းအောင် စိုက်စနစ်မှန်စွာ စိုက်ပျိုးရေး၊ အစိုဓာတ်မီစိုက်ပျိုးရေး၊ ရိတ်သိမ်းချိန်ထိသတ်မှတ်အပင်ရေ ပြည့်မီရေး အပင်ပြုစုစောင့်ရှောက်ခြင်း လုပ်ငန်းမှာ ပိုးမွှားနဲ့ ရောဂါကာကွယ်ရေး၊ ဓာတ်မြေဩဇာ၊ သဘာ၀မြဩဇာများ စနစ်တကျကျွေးနိုင်အောင် နည်းပညာများ မျှဝေပေးနိုင်အောင် ဆောင်ရွက်သွားမှာပါ” ဟု မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဆီထွက်သီးနှံအထူးဇုန်(၂) တာဝန်ခံ ဦးသိန်းနိုင် က ပြောသည်။

ပြည်ပမှ တင်သွင်းရသည့် စားအုန်းဆီသုံးစွဲမှုကို လျော့ချပြီး ကျန်းမာရေးနှင့်ညီညွှတ်သည့် ဆီ များ ပြည်သူများ သုံးစွဲနိုင်ရန် ပြည်တွင်း၌ ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးနေခြင်းဖြစ်ကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/05/15/%e1%80%99%e1%80%80%e1%80%bd%e1%80%b1%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%92%e1%80%b1%e1%80%9e%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4分钟前
下一篇 1分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....