မုံရွာခရိုင်ရပ်ကွက်၊ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး စာအုပ်စာစောင်များ လှုဒါန်းပွဲကျင်းပ

မုံရွာခရိုင်ရပ်ကွက်၊ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး စာအုပ်စာစောင်များ လှုဒါန်းပွဲကျင်းပ

မုံရွာခရိုင်ရပ်ကွက်၊ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး စာအုပ်စာစောင်များ လှုဒါန်းပွဲကျင်းပ

မုံရွာခရိုင်အတွင်း ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်စာစောင်များ လှုဒါန်းပွဲကို မေလ ၁၀ ရက် နံနက်ပိုင်းက မုံရွာခရိုင်ပြန်ဆက်ရုံခန်းမတွင် ကျင်းပကြောင်း သိရသည်။

“စစ်ကိုင်းတိုင်အတွင်း ကျေးရွာ ၆၀၀၃ ရွာမှာ စံ၅ချက်ညီဖွင့်ထားတဲ့ စာကြည့်တိုက် ၁၀၈၃ တိုက်ရှိခဲ့ပါတယ်။ အဲဒီစာကြည့်တိုက်တွေကို နိုင်ငံတော်မတည်ငွေ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ၊ စေတနာရှင်၊ အလှူရှင်တွေရဲ့ ပံ့ပိုးငွေတွေနဲ့ ဆောက်လုပ်ပြီး စာကြည့်တိုက်တွေ ဖွင့်လှစ်ခဲ့ပေမယ့် နယ်မြေအခြေအနေအရ စာကြည့်တိုက် ၈၂၅ တိုက်သာ ကျန်ပါတော့တယ်။ အဲဒီ ၈၂၅တိုက်ကို စံညီစာကြည့်တိုက်အင်္ဂါရပ်တွေနဲ့ အညီပြည့်စုံလာအောင် စာအုပ်စာစောင်တွေ၊ ပရိဘောဂတွေနဲ့ ပြုပြင်ထိန်းသိမ်းဖို့လိုအပ်ပြီး စာကြည့်တိုက်ကော်မတီတွေ ပြည်လည်ဖွဲ့စည်းလို့ စာကြည့်တိုက်တွေ သက်ဝင်လှုပ်ရှားအောင် အားလုံး ဝိုင်းဝန်း ဆောင်ရွက်သွားဖို့လိုပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကပြောသည်။

မုံရွာခရိုင်ရပ်ကွက်၊ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး စာအုပ်စာစောင်များ လှုဒါန်းပွဲကျင်းပ မုံရွာခရိုင်ရပ်ကွက်၊ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး စာအုပ်စာစောင်များ လှုဒါန်းပွဲကျင်းပ

စာအုပ်စာစောင်များ လှူဒါန်းပွဲတွင် မုံရွာမြို့ရုံးကြီးရပ် မုံရွာအလင်းစာကြည့်တိုက်၊ ဘုရားကြီးရပ် ဆုတောင်းပြည့်ဘုရားကြီး ပိဋကတ်စာကြည့်တိုက်၊ သလ္လာရပ်မှ အာရုဏ်ဦးစာကြည့်တိုက်၊ ချောင်းဦးမြို့နယ် အမြင့်ကျေးရွာ ညိုမြတို့ရွာစာကြည့်တိုက်နှင့် သုံးပန်လှကျေးရွာ ဦးဝိစာရစာကြည့်တိုက် ၅တိုက်ကို စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။

မြန်မာနိုင်ငံတစ်ဝှမ်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကို ဧပြီလ ၁၀ ရက်နေ့မှစတင်ကာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့တွင် ကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးက အလှူငွေ ကျပ် ၈၁၃ သိန်းကျော်နှင့် စာအုပ်စာစောင် ၂၂၃၀ အုပ်ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/05/15/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%81%e1%80%9b%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9b%e1%80%95%e1%80%ba%e1%80%80%e1%80%bd%e1%80%80%e1%80%ba%e1%81%8a%e1%80%80%e1%80%bb/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1天前
下一篇 3分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....