လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

တရုတ်-အာဆီယံ နည်းပညာလွှဲပြောင်းခြင်းနှင့် စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (ACCF) ၏ ပံ့ပိုးမှုဖြင့်ကျင်းပသည့် “တရုတ်-အာဆီယံ နည်းပညာလွှဲပြောင်းခြင်းနှင့် စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ” ကို မေလ ၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး အာဆီယံစီးပွားရေးအသိုက်အဝန်းဆိုင်ရာ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် Mr. Satvinder Singh ၊ အာဆီယံ သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုကော်မတီ ဥက္ကဋ္ဌ Dr. Hul Seingheng မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong တို့တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သံမှူးကြီး Dr. Zheng Zhihong က ယခုအကြိမ်အလုပ်ရုံဆွေးနွေးပွဲသည် ယမန်နှစ် (၂၆) ကြိမ်မြောက် တရုတ်-အာဆီယံ ခေါင်းဆောင်များအစည်းအဝေးမှ ရရှိခဲ့သော သဘောတူညီချက်နှင့် ရလဒ်များကို အကောင်အထည်ဖော်ဆောင်သည့် အရေးပါအစီအမံဖြစ်ကြောင်း၊ ဒေသတွင်း နည်းပညာလွှဲပြောင်းခြင်းနှင့် စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးနယ်ပယ်အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို ထိရောက်စွာအထောက်အကူပြုမည်ဟုယုံကြည်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနှင့် နည်းပညာလွှဲပြောင်းအသုံးချခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားလိုကြောင်း၊ နည်းပညာဆန်းသစ်တီထွင်ခြင်း၊ လွှဲပြောင်းအသုံးချခြင်း၊ လူ့စွမ်းအားအရင်းအမြစ်ပျိုးထောင်ခြင်း စသည့်ကဏ္ဍများ၏ ရလဒ်နှင့် အတွေ့အကြုံများကို အတူမျှဝေပြီး ပိုမိုအားကောင်းသည့် အရည်အသွေးသစ်ကုန်ထုတ်စွမ်းအားကို အတူတကွ ပျိုးထောင်ကာ ဒေသတွင်း အရှိန်အဟုန်မြင့်ဖွံ့ဖြိုးတိုးတက်မှုနှင့် အတူတကွကြွယ်ဝမှုတို့ကို ဖော်ဆောင် သွားလိုကြောင်း ပြောကြားခဲ့သည်။

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်က တရုတ်နိုင်ငံမှ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (ACCF) သို့ ရန်ပုံငွေဆက်လက်ပံ့ပိုးမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုအကြိမ်အလုပ်ရုံဆွေးနွေးပွဲကြောင့် အာဆီယံနှင့်တရုတ်နိုင်ငံတို့ကြား နည်းပညာလွှဲပြောင်းခြင်းကဏ္ဍ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အာဆီယံဘက်က တရုတ်နိုင်ငံသည် ၂၀၀၉ ခုနှစ်မှစ၍ အာဆီယံ၏ အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်အဖြစ် ဆက်တိုက်ရပ်တည်လာကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်လာကြောင်း၊ ယခုအကြိမ် အလုပ်ရုံဆွေးနွေးပွဲသည် “တရုတ်-အာဆီ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ၂၀၃၀ ပြည့်နှစ် ပန်းတိုင်” ကို အကောင်အထည်ဖော်ဆောင်ရာ၌ အထောက်အကူပြုမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ကြီးမားပြီး လျင်မြန်စွာဖွံ့ဖြိုးတိုးတက်နေသည့် အဆင့်မြင့်နည်းပညာသစ်လုပ်ငန်းသည် အင်အားတောင့်တင်းသော ဆန်းသစ်တီထွင်မှုစွမ်းရည်ကို ထင်ဟပ်ပြသနေကြောင်း၊ အဆိုပါစွမ်းရည်ဖြင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသော တွန်းအားထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ၂ ရက်ဆက်တိုက်ကျင်းပသွားမည်ဖြစ်ပြီး တရုတ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ် စသည့်နိုင်ငံများမှ ကိုယ်စားလှယ်ပေါင်း ၁၀၀ နီးပါး တက်ရောက်ခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သတင်းထုတ်ပြန်သည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/05/15/%e1%80%9c%e1%80%b0%e1%80%b7%e1%80%85%e1%80%bd%e1%80%99%e1%80%ba%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8%e1%80%a1%e1%80%9b%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%96/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3分钟前
下一篇 59秒前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....