မန္တလေးမြို့တွင် မီးသွေးမီးဖိုကို မီးမငြှိမ်းဘဲထားရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်(၃၆)လုံး မီးလောင်ဆုံးရှုံး

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ ၇၈ လမ်း၊ ၈ လမ်းနှင့် ၉ လမ်းကြားရှိ နေအိမ်တစ်အိမ်တွင် မေလ ၁၀ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားရာ နေအိမ်(၃၆)လုံးသို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုသည် မီးစတင်လောင်ကျွမ်းသည့်နေအိမ်တွင် မီးသွေးမီဖိုအသုံးပြုပြီး မီးမငြိမ်းဘဲထားခဲ့ရာမှ အနီးရှိ ထရံကို မီးကူးစက်ပြီး မီးလောင်မှုစတင်ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် လူနေအိမ် (၃၆) လုံး မီးလောင် ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

မီးလောင်မှုကြောင့် မီးဘေးသင့်သည့် အိမ်ထောင်စု(၄၅)စု၊ လူဦးရေ ကျား(၈၉)ဦး၊ မ(၉၈)ဦး စုစုပေါင်း(၁၈၇) ဦး ရှိကြောင်း၊ မီးဘေးသင့်ပြည်သူများကို ဒေါ်ဖီဓမ္မာရုံတွင် ယာယီထားရှိမည်ဖြစ်ကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/05/15/17098/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 25分钟前
下一篇 23分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....