အမရပူရတွင်၂၆.၉၃ဘီလီယံတန်ဖိုးရှိမူးယစ်ဆေးဝါးဖမ်းမိ

Summary : မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် ငွေကျပ် ၂၆ ဒသမ ၉၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း အမရပူရမြို့နယ်တွင် ငွေကျပ် ၂၆ ဒသမ ၉၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

အမရပူရတွင်၂၆.၉၃ဘီလီယံတန်ဖိုးရှိမူးယစ်ဆေးဝါးဖမ်းမိ

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် ငွေကျပ် ၂၆ ဒသမ ၉၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၁ ရက် နံနက် ၅ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ စွယ်တော်ကားဝင်းတွင် သန်းထိုက်(ခ)သံနိုင် (၂၆)နှစ် မောင်းနှင်သည့် ၂၂ ဘီးတွဲကားကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ပြောင်းဖူးအိတ်များဖြင့် ဖုံးအုပ်ထားသည့် ဒေသကာလတန်ဖိုး ငွေကျပ် ၂၆ ဒသမ ၉၃ ဘီလီယံ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်ကြသည့် အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၁၈ တန်နှင့် ကတ်တမင်း ၁၁၁ ကီလိုတို့ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးရမိသည်နှင့်ပတ်သက်၍ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အောင်အောင်မြင့်

Original works by PaukPhaw@PaukPhaw Network: https://www.paukphaw.org/2022/03/14/%e1%80%a1%e1%80%99%e1%80%9b%e1%80%95%e1%80%b0%e1%80%9b%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%81%82%e1%81%86-%e1%81%89%e1%81%83%e1%80%98%e1%80%ae%e1%80%9c%e1%80%ae%e1%80%9a%e1%80%b6%e1%80%90%e1%80%94/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 13, 2022 10:08 下午
下一篇 3月 14, 2022 10:55 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....