ငွေကျပ်၁.၃၆ဘီလီယံကျော်စိတ်ပြောင်းဆေးဝါးများဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ငွေကျပ် ၁ ဒသမ ၃၆ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများ ဖမ်းဆီးရမိ

ငွေကျပ်၁.၃၆ဘီလီယံကျော်စိတ်ပြောင်းဆေးဝါးများဖမ်းမိ

ပြီးခဲ့သည့်သီတင်းပတ်က ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ငွေကျပ် ၁ ဒသမ ၃၆ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက်၊ ဂျိုးဖြူလမ်းတွင် ထွန်းမြတ်သူ(ခ) မောင်စံ အား စိတ်ပြောင်းဆေးဝါး(Happy Water) ၁၇ ဒသမ ၂၈ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ငွေကျပ်၁.၃၆ဘီလီယံကျော်စိတ်ပြောင်းဆေးဝါးများဖမ်းမိငွေကျပ်၁.၃၆ဘီလီယံကျော်စိတ်ပြောင်းဆေးဝါးများဖမ်းမိ

ဆက်လက်၍ မွန်းလွဲ ၂ နာရီအချိန် ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်းတွင် ရဲရင့်အောင် အား စိတ်ပြောင်းဆေးဝါး(Happy Water) ၁၄ ဒသမ ၉၄ ကီလိုနှင့်လည်းကောင်း၊ စောဂျွန်ပေါလ်(ခ) ဂျွန်ပေါ အား ရန်ကင်းမြို့နယ်၊ (၆)ရပ်ကွက်ရှိ ၎င်း၏ နေအိမ်တွင် စိတ်ပြောင်းဆေးဝါး(Happy Water) ၆ ဒသမ ၆ ကီလို၊ ကဖင်းဆေးပြား ၂၂၀၀ ပြားနှင့် ဆက်လက်ဖမ်းဆီးရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ည ၉ နာရီခွဲအချိန် နေလ၀င်း(ခ) Bank နှင့် ရဲရင့်ဌေးအောင်(ခ) အိုက်ပီးတို့ ၂ ဦးအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် စိတ်ပြောင်းဆေးဝါး အက်တက်စီဆေးပြား ၅၀၀၀ ပြား၊ TOYOTA CROWN မော်တော်ယာဉ် ၁ စီးနှင့်အတူ အသီးသီးဖမ်းဆီးရမိခဲ့ရာ စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် (Happy Water) ၃၈ ဒသမ ၈၂ ကီလို၊ အက်တက်စီဆေးပြား ၅၀၀၀ ပြားနှင့် ကဖင်းဆေးပြား ၂၂၀၀ ပြား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: https://www.paukphaw.org/2023/10/27/%e1%80%84%e1%80%bd%e1%80%b1%e1%80%80%e1%80%bb%e1%80%95%e1%80%ba%e1%81%81-%e1%81%83%e1%81%86%e1%80%98%e1%80%ae%e1%80%9c%e1%80%ae%e1%80%9a%e1%80%b6%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%85/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 10月 27, 2023 5:48 下午
下一篇 10月 27, 2023 6:04 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....