တရုတ်နိုင်ငံမှရန်ကုန်မြို့ လေ့ကျင့်ရေး အလယ်တန်းကျောင်း (ရန်ကင်း)သို့ပစ္စည်းများလှူဒါန်း

နှလုံးသားမှပိုးလမ်းမ Care for the Future လှူဒါန်းမှုအစီအစဉ်ဖြင့် တရုတ်နိုင်ငံမှ ရန်ကုန်မြို့ လေ့ကျင့်ရေး အလယ်တန်းကျောင်း (ရန်ကင်း)သို့ တန်ဖိုး ကျပ်သိန်း ၁၀၀ တန်ဖိုးရှိ ပစ္စည်းများလှူဒါန်း

တရုတ်နိုင်ငံမှရန်ကုန်မြို့ လေ့ကျင့်ရေး အလယ်တန်းကျောင်း (ရန်ကင်း)သို့ပစ္စည်းများလှူဒါန်း

တရုတ်နိုင်ငံမှ ရန်ကုန်မြို့ လေ့ကျင့်ရေး အလယ်တန်းကျောင်း (ရန်ကင်း) အတွက် စာရေးကိရိယာများ၊ LED မီးလုံးများ၊ အားကစားပစ္စည်းနှင့် ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်းတို့ အတွက် အသုံးပြုနိုင်ရန် စုစုပေါင်း တန်ဖိုး အလှူငွေကျပ်သိန်း ၁၀၀ တန်ဖိုးရှိပစ္စည်းများကို တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းကြောင်း သိရသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့က ရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမကြီးရှိ Myanmar Sports Hotel ဝင်းအတွင်းရှိ MIEC ကျောင်း၌ ကျင်းပသည့် မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု အထိမ်းအမှတ် နှလုံးသားမှပိုးလမ်းမ Care for the Future လှူဒါန်းမှုအစီအစဉ်နှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးယဉ်ကျေးမှုနှင့် ပညာရေးဖလှယ်ခြင်း အခမ်းအနားတွင် ပေးအပ်လှူဒါန်းခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားတွင် China Foundation for Peace and Development အတွင်းရေးမှူး မစ္စတာ ရွှီးကျင့်ဂေါ်နှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ၊ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်း နာယက၊ ပြည်ထောင်စုစာရင်း စစ်ချုပ် (ငြိမ်း) ဦးတင်ဦးတို့က အဖွင့်အမှာစကား ပြောကြားကြသည်။

တရုတ်နိုင်ငံမှရန်ကုန်မြို့ လေ့ကျင့်ရေး အလယ်တန်းကျောင်း (ရန်ကင်း)သို့ပစ္စည်းများလှူဒါန်း တရုတ်နိုင်ငံမှရန်ကုန်မြို့ လေ့ကျင့်ရေး အလယ်တန်းကျောင်း (ရန်ကင်း)သို့ပစ္စည်းများလှူဒါန်း တရုတ်နိုင်ငံမှရန်ကုန်မြို့ လေ့ကျင့်ရေး အလယ်တန်းကျောင်း (ရန်ကင်း)သို့ပစ္စည်းများလှူဒါန်း

ဆက်လက်ပြီး China Foundation for Peace and Development နှင့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်း၏ကိုယ်စား အတွင်း ရေးမှူး မစ္စတာ ရွှီးကျင့်ဂေါ်က စုစုပေါင်း တန်ဖိုး အလှူငွေကျပ်သိန်း ၁၀၀ တန်ဖိုးရှိပစ္စည်းများကို တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းပြီး မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်း၏ Senior President ဖြစ်သူ ဦးသစ္စာ (ခ) Mr. Li Bo Bo က ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်သည် တရုတ်- အာဆီယံယဉ်ကျေးမှုဖလှယ်ရေးနှစ်ဖြစ်ပြီး တရုတ် – မြန်မာ နှစ်နိုင်ငံအကြား ပညာရေး၊ ပြည်သူအချင်းချင်း ယဉ်ကျေးမှုဖလှယ်မှု၊ ပူပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်း လာစေရန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးစဉ်ဆက်မပြတ် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးကိုမြှင့်တင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: https://www.paukphaw.org/2024/01/18/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%99%e1%80%be%e1%80%9b%e1%80%94%e1%80%ba%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%99/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1月 18, 2024 8:22 下午
下一篇 1月 22, 2024 10:05 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....