မုံရွာမြို့နှင့်ဝန်းကျင်တွင် ခံစားနေကြရသော အပူဒဏ်အန္တရာယ် ကာကွယ်ရေး ဆောင်ရွက်လျက်ရှိ

မုံရွာမြို့နှင့်ဝန်းကျင်တွင် ခံစားနေကြရသော အပူဒဏ်အန္တရာယ် ကာကွယ်ရေး ဆောင်ရွက်လျက်ရှိ

မုံရွာမြို့နှင့်ဝန်းကျင်တွင် ခံစားနေကြရသော အပူဒဏ်အန္တရာယ် ကာကွယ်ရေး ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံအလယ်ပိုင်း မုံရွာမြို့နှင့်ဝန်းကျင်တွင် ခံစားနေကြရသော အပူဒဏ်အန္တရာယ် ကာကွယ်ရေး အသိပညာပေးခြင်းနှင့်အတူ လက်တွေ့ဆောင်ရွက်ကြရန် တိုက်တွန်းဆောင်ရွက်လျက်ရှိသည်။

“နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ကမ္ဘာကြီးရဲ့ ကျန်းမာရေးကို ပိုသိလာနိုင်ကြပါတယ်။ သိနေရုံနဲ့ မပြီးသေးဘဲ ပိုကောင်းတဲ့ ပတ်ဝန်းကျင်ဖြစ်လာဖို့ ကိုယ်ကိုယ်တိုင်ကအစ ကြိုးစားဖြေရှင်းပြီး ကမ္ဘာကြီးကို ဆထက်တိုး ဂရုစိုက်ကြဖို့လိုပါတယ်”ဟု ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆောင်ရွက်နေသူတစ်ဦးကပြောသည်။

မုံရွာမြို့နှင့်ဝန်းကျင်တွင် ခံစားနေကြရသော အပူဒဏ်အန္တရာယ် ကာကွယ်ရေး ဆောင်ရွက်လျက်ရှိ

စံချိန်တင်အပူချိန်များ မြင့်တက်နေသည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သည့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့တွင် ဧပြီ (၂၆) ရက်နှင့် (၂၇)ရက်တို့၌ နေ့အပူချိန်များ ထပ်မံတိုးမြင့်နေဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန် အသိပေးထားသည်။

ပြီးခဲ့သည့် ဧပြီလ (၂၄)ရက်က ထူးခြားသည့် နေ့အပူချိန်များဖြစ်ပေါ်ခဲ့ရာ ချောက်မြို့တွင် ၄၆.၂ ဒီဂရီဆဲလ်စီးယပ်၊ မြင်းခြံမြို့တွင် ၄၅.၂ ဒီဂရီဆဲလ်စီးယပ်၊ မြင်းမူမြို့တွင် ၄၅.၀ ဒီဂရီဆဲလ်စီးယပ်၊ ဂန့်ဂေါမြို့တွင် ၄၄.၆ ဒီဂရီ ဆဲလ်စီးယပ်၊ ညောင်ဦးမြို့တွင် ၄၄.၅ ဒီဂရီဆဲလ်စီးယပ်၊ မုံရွာမြို့တွင် ၄၄. ၃ ဒီဂရီဆဲလ်စီးယပ်၊ ရွှေဘိုမြို့တွင် ၄၄.၀ ဒီဂရီဆဲလ်စီးယပ်၊ ဆင်ဖြူကျွန်းမြို့တွင် ၄၃.၉ ဒီဂရီဆဲလ်စီးယပ်၊ တံတားဦး (လေကြောင်းမိုးလေဝသ)နှင့် ပခုက္ကူမြို့တို့တွင် ၄၃.၅ ဒီဂရီဆဲလ်စီးယပ်စီတို့ ဖြစ်ကြကြောင်း သိရသည်။

၂၀၂၃ ခုနှစ်ကုန်ပြီးသည့်နောက် နိုင်ငံတကာ ဇလဗေဒ သုတေသနအဖွဲ့အစည်းများ ထုတ်ပြန်လာသည့် တစ်နှစ်တာလုံးဆိုင်ရာ ရာသီဥတုအစီရင်ခံစာများ အားလုံး၏ တူညီသည့်ဖော်ပြချက်သည် ၂၀၂၃ ခုနှစ်သည် သမိုင်းတစ်လျောက် အပူဆုံးနှစ် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: https://www.paukphaw.org/2024/04/30/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%be%e1%80%84%e1%80%ba%e1%80%b7%e1%80%9d%e1%80%94%e1%80%ba%e1%80%b8%e1%80%80%e1%80%bb/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 30, 2024 9:48 上午
下一篇 4月 30, 2024 9:55 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....