စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်တွင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်ဝင်ရောက်မှု ၁၈.၀၃% တိုးတက်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်တွင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်ဝင်ရောက်မှု ၁၈.၀၃% တိုးတက်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်တွင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်ဝင်ရောက်မှု ၁၈.၀၃% တိုးတက်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်တွင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်ဝင်ရောက်မှုသည် ယမန်နှစ်ကထက် ၁၈.၀၃% တိုးတက်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က ခရီးသွားအစည်းအဝေးတွင် ထည့်သွင်းပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၄) အစည်းအဝေးကို မေလ ၇ ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ တွင်ကျင်းပရာ ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်တွင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်ဝင်ရောက်မှု ၁၈.၀၃% တိုးတက်ခဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်တွင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်ဝင်ရောက်မှု ၁၈.၀၃% တိုးတက်ခဲ့

“စစ်ကိုင်းတိုင်းဒေသကြီး အနေနဲ့ နယ်မြေဒေသအချို့မှာ အခက်အခဲတွေ ရှိနေပေမယ့် မုံရွာ၊စစ်ကိုင်းစတဲ့ ရနိုင်တဲ့ဒေသတွေမှာ အားထည့်ကြိုးပမ်း ဆောင်ရွက်ခဲ့တဲ့အတွက် ၂၀၂၃ ခုနှစ်မှာ ပြည်တွင်း/ပြည်ပခရီးသွား ဧည့်သည် စုစုပေါင်း တစ်သိန်းသုံးသောင်းကျော် ဝင်ရောက်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ကထက် ၁၈.၀၃% တိုးတက်ခဲ့တာ တွေ့ရပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကပြောသည်။

အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: https://www.paukphaw.org/2024/05/10/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%92%e1%80%b1%e1%80%9e%e1%80%80%e1%80%bc%e1%80%ae%e1%80%b8-4/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 7, 2024 4:18 下午
下一篇 5月 10, 2024 5:10 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....