မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၁၀၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅ တန် ဖမ်းဆီးရမိ

မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၁၀၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅ တန် ဖမ်းဆီးရမိ

မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၁၀၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅ တန် ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရွာငံ-ဟန်မြင့်မိုရ်သွားကားလမ်း၊ သံရွာအနီးတွင် ရွာငံဘက်မှ ကျောက်ဆည်ဘက်သို့ မောင်းနှင်လာသည့် ၁၂ ဘီး ဆီဘောက်ဆာယာဉ်တွင် တင်ဆောင်လာသော ငွေကျပ် ၁၀၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅ တန် ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၁ ရက်နေ့ ည ၈ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရွာငံ-ဟန်မြင့်မိုရ်သွား ကားလမ်း၊ သံရွာအနီးတွင် ရွာငံဘက်မှ ကျောက်ဆည်ဘက်သို့ မင်းမင်းခိုင် မောင်းနှင်ပြီး အောင်ထွန်းနိုင် လိုက်ပါလာသည့် NISSAN DIESEL ၁၂ ဘီး ဆီဘောက်ဆာယာဉ်ကို သတင်းအရ ရှာဖွေစစ်ဆေးနေစဉ် ၎င်းတို့ ၂ ဦးမှာ ယာဉ်ပေါ်မှ ခုန်ချထွက်ပြေးသဖြင့် သတိပေးပစ်ခတ်ဖမ်းဆီးခဲ့ရာ မင်းမင်းခိုင် မှာ သေနတ်ဒဏ်ရာ ၁ ချက်ရရှိကာ ၎င်းတို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့ပြီး အဆိုပါဆီဘောက်ဆာယာဉ်၏ ဆီများထည့်သည့် အကန့် ၂ ကန့်အတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၁၀၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅၀၀၀ ကီလို(၅ တန်)သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

သက်ဆိုင်ရာ၏ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရပြီး ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: https://www.paukphaw.org/2024/05/15/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8-%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%86%e1%80%8a%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 15, 2024 9:31 上午
下一篇 5月 15, 2024 9:33 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....