မြင်းခြံမြို့နယ်ရှိ ဆုံရွာတွင် ကလေးများနှင့်သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူ ၃၃ ဦး သတ်ဖြတ်ခံခဲ့ရ

မြင်းခြံမြို့နယ်ရှိ ဆုံရွာတွင် ကလေးများနှင့်သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူ ၃၃ ဦး သတ်ဖြတ်ခံခဲ့ရ

မြင်းခြံမြို့နယ်ရှိ ဆုံရွာတွင် ကလေးများနှင့်သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူ ၃၃ ဦး သတ်ဖြတ်ခံခဲ့ရ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆုံရွာတွင် မေလ ၉ ရက်နေ့ နံနက် ၅ နာရီခန့်က လက်နက်ကိုင်အဖွဲ့ ရောက်ရှိလာပြီး ကလေးများနှင့်သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သားပြည်သူ ၃၃ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

လက်နက်ကိုင်အဖွဲ့ ရောက်ရှိလာချိန်တွင် မရှောင်နိုင်သည့် ရွာထဲတွင် ကျန်ရစ်ခဲ့သော ကလေးများနှင့် သက်ကြီရွယ်အို လူကြီးများအပါအဝင် ရွာသူရွာသား ၃၃ ယောက်အား ဒလန်ဟုဆိုကာ သတ်ဖြတ်ခဲ့သည့်အပြင် ရွာကိုလည်း မီးနှင့်ရှို့သွားရာ အိမ်(၇၀)ခန့် မီးလောင်သွားသည်ဟု ဒေသခံတစ်ဦး၏ပြောကြားချက်ကို ကိုးကားကာ သတင်းများတွင် ဖော်ပြထားသည်။

မြင်းခြံမြို့နယ်ရှိ ဆုံရွာတွင် ကလေးများနှင့်သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူ ၃၃ ဦး သတ်ဖြတ်ခံခဲ့ရ

အဆိုပါဖြစ်စဥ်အတွင်း ကလေးများနှင့် သက်ကြီးရွယ်အိုများ အပါအဝင် အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ၁၆ ဦး သေဆုံးခဲ့ရသည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ဦးနှင့် နေအိမ်အလုံး၇၀ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: https://www.paukphaw.org/2024/05/15/%e1%80%99%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%bc%e1%80%b6%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba%e1%80%9b%e1%80%be%e1%80%ad-%e1%80%86%e1%80%af%e1%80%b6/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 15, 2024 9:33 上午
下一篇 5月 20, 2024 10:20 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....