“မိုခါ” မုန်တိုင်းဒဏ်ခံရသူများအတွက် ယူနန်ပြည်နယ်ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းက ယွမ် ၁ သိန်းဖိုးပစ္စည်းများ လှူဒါန်း

“မိုခါ” မုန်တိုင်းဒဏ်ခံရသူများအတွက် ယူနန်ပြည်နယ်ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းက ယွမ် ၁ သိန်းဖိုးပစ္စည်းများ လှူဒါန်း

"မိုခါ" မုန်တိုင်းဒဏ်ခံရသူများအတွက် ယူနန်ပြည်နယ်ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းက ယွမ် ၁ သိန်းဖိုးပစ္စည်းများ လှူဒါန်း

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်း Yunnan Provincial People’s Association for Friendship with Foreign Countries (YNPAFFC)မှ “မိုခါ”မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ယွမ် ၁ သိန်းတန်ဖိုးရှိ ပြန်လည်ထူထောင်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို စက်တင်ဘာလ ၆ ရက်နေ့တွင် နေပြည်တော်ရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (DMC)၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး နေပြည်တော်ဆက်ဆံရေးရုံး တာဝန်ခံ Mr. Zhang Zhonghua ၊ မြန်မာနိုင်ငံဆိုင်ရာ ယူနန်ပြည်နယ် စီးပွားရေးကိုယ်စားလှယ်ရုံး ညွှန်ကြားရေးမှူး Mr. Gao Wei တို့တက်ရောက်၍ အမှာစကားအသီးသီး ပြောကြားသည်။

အဆိုပါလှူဒါန်းမှုတွင် နေအိမ်များ ပြန်လည်တည်ဆောက်ရန်အတွက် လိုအပ်သော သွပ်ပြား၊ တာပေါ်လင်စ၊ စွမ်းအင်ချွေတာရေးမီးလုံးများ စသည့် ယွမ် ၁ သိန်းတန်ဖိုးရှိ ပြန်လည်ထူထောင်ရေးပစ္စည်းများ ပါဝင်ပြီး စစ်တွေမြို့သို့ အမြန်ဆုံးပို့ဆောင်ကာ စစ်တွေမြို့မှတစ်ဆင့် ဘေးသင့်ဒေသမြို့နယ်များအထိ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/09/12/%e1%80%99%e1%80%ad%e1%80%af%e1%80%81%e1%80%ab-%e1%80%99%e1%80%af%e1%80%94%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%92%e1%80%8f%e1%80%ba%e1%80%81%e1%80%b6%e1%80%9b/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1小时前
下一篇 1小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....