ဆန်ကုန်သည်များအသင်းခွဲ(မန္တလေး)နှင့် ဆန်ပွဲရုံများက ဆန်တစ်ပြည် ၂၅၀၀ကျပ်ဖြင့် ရောင်းချ

ဆန်ကုန်သည်များအသင်းခွဲ(မန္တလေး)နှင့် ဆန်ပွဲရုံများက ဆန်တစ်ပြည် ၂၅၀၀ကျပ်ဖြင့် ရောင်းချ

ဆန်ကုန်သည်များအသင်းခွဲ(မန္တလေး)နှင့် ဆန်ပွဲရုံများက ဆန်တစ်ပြည် ၂၅၀၀ကျပ်ဖြင့် ရောင်းချ

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဆန်ကုန်သည်များအသင်းခွဲ(မန္တလေး)နှင့် ဆန်ပွဲရုံ ၆ ခုသည် စက်တင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းက ပြင်ပပေါက်ဈေးထက်သက်သာသော ဈေးနှုန်းများဖြင့် ဆန် တစ်ပြည်လျင် ငွေ ကျပ် ၂၅၀၀ နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

ထိုသို့ရောင်းချရာတွင် စက်တင်ဘာလ ၄ ရက်နေ့က ရွှေနဂါးပွဲရုံမှ တစ်ပြည်အိတ် ၁၅၀၊ ရွှေစင်္ကြာပွဲရုံမှ တစ်ပြည်အိတ် ၂၂၅ အိတ်၊ အောင်စိုးမိုးပွဲရုံမှ တစ်ပြည်အိတ် ၂၅၀ အိတ်၊ ပုလဲဧရာ ပွဲရုံမှ တစ်ပြည်အိတ် ၁၂၅ အိတ်၊ ရင်ဆန်းပွဲရုံမှ တစ်ပြည်အိတ် ၃၀၀ အိတ်၊ ရဲမာန်ပွဲရုံမှ နှစ်ပြည်ပါ အိတ် ၇၀၀ ရောင်းချပေးခဲ့ကြောင်း ဆန်ကုန်သည်များအသင်း၊ မန္တလေးတိုင်း ဒေသကြီး(အသင်းခွဲ) ဥက္ကဌ ဦးဌေးလွင် (ရဲမာန်ဆန်ပွဲရုံ) ကပြောသည်။

“မနက် ၈ နာရီ ကတည်းက တန်းစီနေကြလို့ စောစောပဲ ရောင်းပေးလိုက်တာ တစ်နာရီလောက်အတွင်းမှာပဲ ၂ ပြည်ထည့်ထားတဲ့ ဆန်အိတ် ၇၀၀ ကုန်သွားတယ်။ ကျန်တဲ့ပွဲရုံတွေကလည်း သူတို့ပွဲရုံရှေ့မှာ ရောင်းတယ်။ နောက်ရက်တွေမှာလည်း ရောင်းမယ့် ဆန်ပွဲရုံ ၅ ရုံ စာရင်းပေးထားပါတယ်။ စားသုံးသူပြည်သူတွေ ဈေးသက်သာစွာနဲ့ ဆန်ဝယ်ယူနိုင်ဖို့ အခုလိုရောင်းချပေးတာပါ” ဟု ၎င်းကပြောသည်။

ဆန်ပွဲရုံများက ယခုကဲ့သို့ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချသည်မှာ စားသုံးသူများသက်သာချောင်ချိစွာ ဆန်ဝယ်ယူနိုင်ရေး၊ ဆန်ဈေးနှုန်းတည်ငြိမ်ရေးတို့အတွက် ရည်ရွယ်၍ ဆန်ပွဲရုံများမှ မိမိဆန္ဒအလျောက် ရောင်းချကြခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်ပွဲရုံက တစ်ဦးကို ဆန် ၂ ပြည်အိတ်ချုပ်ထည့်ပြီးမှ ရောင်းပေးတော့ အိတ်ဖိုးနဲ့ချုပ်ခ ဆိုတာရှိပေမယ့် ဒီအပေါ်မှာ ကုန်ကျစရိတ်ကို ထည့်မတွက်ပါဘူး။ စားသုံးသူတွေ ဝယ်ယူနိုင်ဖို့ပါ။ နောက်ရက်များမှာ ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ ပစ္စည်း ၄ မျိုးကို ငွေကျပ် ၁၃၀၀၀ နဲ့ ရောင်းပေးဖို့အစီအစဉ်ရှိပါတယ်”ဟု ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံ၊ဆန်စပါးအသင်းချုပ် မန္တလေးတိုင်း အသင်းခွဲအနေဖြင့် ပြီးခဲ့သည့် သြဂုတ်လအတွင်းက ၃ ပြည်ပါ ဆန်အိတ်ပေါင်း တစ်သောင်းကျော်အပြင် စားသုံးသူရေးရာ ဦးစီးဌာနနှင့် ချိတ်ဆက်၍ ကြက်ဥ၊ ဘဲဥနှင့် စားသုံးဆီများကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/09/06/%e1%80%86%e1%80%94%e1%80%ba%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%9e%e1%80%8a%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%a1%e1%80%9e%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%bd%e1%80%b2/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1天前
下一篇 1小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....