ပုဏ္ဏမေတ္တာအသင်းကြီး ငါးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားနှင့် ပထမအကြိမ် သာသနာပြုအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

ပုဏ္ဏမေတ္တာအသင်းကြီး ငါးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားနှင့် ပထမအကြိမ် သာသနာပြုအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

ပုဏ္ဏမေတ္တာအသင်းကြီး ငါးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားနှင့် ပထမအကြိမ် သာသနာပြုအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

မန္တလေးမြို့အခြေစိုက် ပုဏ္ဏမေတ္တာအသင်းကြီး၏ ငါးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားနှင့် ပထမအကြိမ် သာသနာပြုအလုပ်ရုံ ဆွေးနွေးပွဲကို မတ်လ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့များက မန္တလေးမြို့ ၆၂ လမ်း၊ ၁၅ လမ်းနှင့် ၁၆ လမ်းကြားရှိ မတ္တရာတိုက် မစ္ဇိုမရံသီကျောင်း သုံးထပ်ဆောင်တွင် ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် မန္တလေးသာသနာ့တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကေသရ၊ ဆရာတော် ဘဒ္ဒန္တနန္ဒသာရ၊ လေးကျွန်းမာန်အောင်စာသင်တိုက် နာယကဆရာတော် ဘဒ္ဒန္တဝိသုတ ဆရာတော်တို့က ဩဝါဒစကားမိန့်ကြားတော်မူကြပြီး ပုဏ္ဏမေတ္တာအသင်း နာယက ဦးအောင်သိုက်၊ ဥက္ကဋ္ဌ ဦးခင်မောင်နှင်းတို့က အသင်းနှင့်ပတ်သက်ပြီး ဆောင်ရွက်ချက်များကို လျှောက်ထားတင်ပြကြသည်။

ပုဏ္ဏမေတ္တာအသင်းကြီး ငါးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားနှင့် ပထမအကြိမ် သာသနာပြုအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပုဏ္ဏမေတ္တာအသင်းကြီး ငါးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားနှင့် ပထမအကြိမ် သာသနာပြုအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပုဏ္ဏမေတ္တာအသင်းကြီး ငါးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားနှင့် ပထမအကြိမ် သာသနာပြုအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပုဏ္ဏမေတ္တာအသင်းကြီး ငါးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားနှင့် ပထမအကြိမ် သာသနာပြုအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပုဏ္ဏမေတ္တာအသင်းကြီး ငါးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားနှင့် ပထမအကြိမ် သာသနာပြုအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

“ဒီအခမ်းအနားမှာ နယ်စပ်တောင်တန်းသာသနာပြုလုပ်ငန်းတွေကို လက်တွေ့ဆောင်ရွက်နေတဲ့ ဆရာတော်များရဲ့ အတွေ့အကြုံတွေ အခက်အခဲတွေ ဒါတွေကို ဖလှယ်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပုဏ္ဏမေတ္တာအသင်းကြီးအနေနဲ့ နယ်စပ်တောင်တန်းဒေသတွေက ကျောင်းတိုက်တွေကို သံဃာလိုအပ်နေရင် သံဃာပို့ပေးပါမယ်။ ကျောင်းဆောက်ဖို့လိုအပ်ရင် ကျောင်းဆောက်ပေးပါမယ်” ဟု ပုဏ္ဏမေတ္တာအသင်းကြီး၏ ဥက္ကဋ္ဌ ဦးခင်မောင်နှင်း က ပြောသည်။

ပထမအကြိမ် သာသနာပြုအလုပ်ရုံ ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် အမ်းမြို့နယ်နှင့် မင်းပြားမြို့နယ်၊ မကွေးတိုင်းဒေသကြီး မင်တုန်းမြို့နယ်၊ ငဖဲမြို့နယ်နှင့် အထက်မင်းလှမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ် အစရှိသည့်တို့မှ နယ်စပ်နှင့်တောင်တန်းသာသနာပြု ဆရာတော်များက သာသနာရေး၏ အနာဂတ်ကိစ္စရပ်များနှင့် အတွေ့အကြုံ၊အခက်အခဲများကို ဖလှယ်ဆွေးနွေးခဲ့ကြသည်။

ပုဏ္ဏမေတ္တာအသင်းကြီးသည် သာသနာတိုးတက်ပြန့်ပွားစေရန်နှင့် သွားလာရခက်ခဲသည့်ဒေသများ၊ ဝေလံခေါင်ဖျားဒေသများအထိ ဘာသာသာနာထွန်းကားပြန့်ပွားစေရန်အတွက် ရည်ရွယ်ဆောင်ရွက်နေကြောင်း သိရသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/28/%e1%80%95%e1%80%af%e1%80%8f%e1%80%b9%e1%80%8f%e1%80%99%e1%80%b1%e1%80%90%e1%80%b9%e1%80%90%e1%80%ac%e1%80%a1%e1%80%9e%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%ae%e1%80%b8-%e1%80%84%e1%80%ab/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 27, 2023 8:48 下午
下一篇 3月 30, 2023 2:10 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....