မုံရွာမြို့တွင် ပေသီးတွက်၊ စိတ်တွက်လေ့ကျင့်သင်ယူမှု စိတ်ဝင်စားသူများ များပြားလျက်ရှိကြောင်းသိရ

မုံရွာမြို့တွင် ပေသီးတွက်၊ စိတ်တွက်လေ့ကျင့်သင်ယူမှု စိတ်ဝင်စားသူများ များပြားလျက်ရှိကြောင်းသိရ

မုံရွာမြို့တွင် ပေသီးတွက်၊ စိတ်တွက်လေ့ကျင့်သင်ယူမှု စိတ်ဝင်စားသူများ များပြားလျက်ရှိကြောင်းသိရ

ဦးနှောက်ဖွံ့ဖြိုးမှု မြန်ဆန်စေသည့်အတွက် မုံရွာမြို့တွင် ပေသီးတွက်၊ စိတ်တွက်လေ့ကျင့်သင်ယူမှု စိတ်ဝင်စားသူများ များပြားလျက်ရှိရာ မုံရွာမြို့ရှိ မူလတန်းအရွယ်ကလေးငယ်များအား မိဘများက စိန်မော့ ပေသီးတွက်၊ စိတ်တွက်လေ့ကျင့်ရေးကျောင်းသို့ အပ်နှံမှုများကပြုနေကြောင်းသိရသည်။

“ဘယ်-ညာဦးနှောက်နှစ်ဖက်ကို တစ်ပြိုင်တည်း ဖွံ့ဖြိုးစေတယ်။ ခဏလေးအတွင်း စိတ်တွက်စွမ်းရည်တွေ တက်လာတယ်။ အဲဒါကြောင့် အငယ်ကလေးပါ စိန်မော့မှာထားတယ်”ဟု မိခင်တစ်ဦးကပြောသည်။

ပေသီးတွက်စိတ်တွက် လေ့ကျင့်မှုများကို စဉ်ဆက်မပြတ် စနစ်တကျ လေ့ကျင့်ပေးနေသည့်အတွက် ပုစ္ဆာကို ပုံသေမမှတ်သားဘဲ အာရုံစူးစိုက်မှုနှင့် တုံ့ပြန်နိုင်မှုစွမ်းရည် အားကောင်းစွာ မည်သည့်ပုစ္ဆာဖြစ်စေ၊ မည်သည့်ဘာသာစကားဖြစ်စေ ဦးနှောက်လှုပ်ရှားမှုကို ချက်ချင်းစေ့ဆော်လုပ်ဆောင်ကာ မှန်မှန်ကန်ကန် တွက်ချက်အဖြေထုတ်နိုင်သည့် အားသာချက်၊ စွမ်းဆောင်ရည်များ ကလေးတိုင်းရလျက်ရှိကြောင်း မိဘများကပြောသည်။

မုံရွာမြို့တွင် ပေသီးတွက်၊ စိတ်တွက်လေ့ကျင့်သင်ယူမှု စိတ်ဝင်စားသူများ များပြားလျက်ရှိကြောင်းသိရ

“ပုစ္ဆာကိုကြည့်၍ တွက်ချက်စေသလို ပုစ္ဆာကို နားထောင် တွက်ချက်စေပါတယ်။ ကလေးငယ်တွေရဲ့ အမြင်အာရုံ၊ အကြားအာရုံရဲ့ တုံ့ပြန်နိုင်မှုစွမ်းရည်ကို စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးနေတယ်လို့ မြင်ပါတယ်”ဟု ကလေးဖခင်တစ်ဦးကပြောသည်။
စိန်မော့ပေသီးတွက်၊ စိတ်တွက်လေ့ကျင့်ရေးကျောင်းကို မုံရွာမြို့တွင် မုံရွာတောင်၊ ပိတောက်ကုန်းရပ်၊ Ocean Super Centre အနီးနှင့် မြို့သစ်ရပ်၊ မြို့သစ်စျေးမြောက်ဘက်၊ ဇမ္ဗူ့သပြေလမ်း၊ ကွန်ပျူတာတက္ကသိုလ်အနီးတို့တွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/15/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%95%e1%80%b1%e1%80%9e%e1%80%ae%e1%80%b8%e1%80%90%e1%80%bd/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6天前
下一篇 14小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....