ပြည်ပနိုင်ငံသို့ မြန်မာဆန်တင်ပို့မှု မြင့်တက်လာနိုင်ဟု ဆို

ပြည်ပနိုင်ငံသို့ မြန်မာဆန်တင်ပို့မှု မြင့်တက်လာနိုင်ဟု ဆို

ပြည်ပနိုင်ငံသို့ မြန်မာဆန်တင်ပို့မှု မြင့်တက်လာနိုင်ဟု ဆို

အိန္ဒိယနိုင်ငံ၌ ဆန်ဈေးမြင့်တက်မှုကို ထိန်းချုပ်နိုင်ရန် ပြည်ပ တင်ပို့မှု ပိတ်ပင်လိုက်ပြီးနောက် ကမ္ဘာ့ဆန်တင်ပို့မှုဈေးကွက်အတွင်း မြန်မာဆန်၏ ဈေးကွက်ဝေစု ပိုမိုရရှိလာနိုင်ကြောင်း ဆန်ပို့ကုန်သမားများက သုံးသပ်ပြောကြားကြသည်။

“ကျွန်တော်တို့ အခွင့်ကောင်း ရယူဖို့ မျှော်လင့်ထားပါတယ်။ အရည်အသွေးကောင်းတဲ့ တန်းမြင့်ဆန်တွေကိုပဲ တင်ပို့ဖို့ ပြင်ဆင်ထားပါတယ်” ဟု ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမြင့်အောင် က ပြောသည်။

ကမ္ဘာ့ဈေးကွက်တွင် ထိုင်း နှင့်ဗီယက်နမ်ဆန်ဈေးများ ဈေးမြင့်တက်နေခြင်းကြောင့် ဝယ်လက်များအနေဖြင့် ဈေးသက်သာသည့် အခြားဆန် တင်ပို့ရောင်းချနေသူများထံက ဝယ်ယူဖို့ရှိလာကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၅သန်း ရောင်းချနိုင်ရန် ရည်မှန်းထားပြီး ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရရှိရန် မျှော်လင့်ထားကြောင်း သိရသည်။

ပြည်ပနိုင်ငံများသို့ မြန်မာဆန် တင်ပို့မှုမှာ လေးလပတ်ကာလ အတွင်း ၅၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သော်လည်း အိန္ဒိယနှင့် ပြည်ပနိုင်ငံများသို့ မြန်မာဆန်တင်ပို့မှုက ပြန်လည်မြင့်တက်လာနိုင်ကြောင်း ဆန်ကုန်သည်များက သုံးသပ်ထားကြသည်။

လက်ရှိ တန်းမြင့်ဆန်များကို ဦးစားပေးရောင်းချရန် စီစဉ်ထားသော်လည်း ဧပြီလမှ ဇွန်လ အထိ တန်ချိန် ၃၂၀၀၀၀ ခန့်သာ တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေ ရိကန်ဒေါ်လာ ၁၃၈ သန်းသာ ရရှိထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ အမေရိကန် ဒေါ်လာ သန်း ၈၀၀ ကျော်ရရှ်ထားပြီး တရုတ်၊ ဖိလစ်ပိုင်နှင့် ဘယ်လ်ဂျီယံနိုင်ငံများက အများဆုံးဝယ်ယူခဲ့ကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/21/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%95%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%9e%e1%80%ad%e1%80%af%e1%80%b7-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5小时前
下一篇 5小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....