ချုံချင့်မြို့၌မြန်မာနိုင်ငံသားများကိစ္စဆွေးနွေး

တရုတ်နိုင်ငံ ချုံချင့်မြို့၌ တရားမဝင်နေထိုင် လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများကိစ္စနှင့် ပတ်သက်၍ နှစ်နိုင်ငံတာဝန်ရှိသူများဆွေးနွေး

ချုံချင့်မြို့၌မြန်မာနိုင်ငံသားများကိစ္စဆွေးနွေး

တရုတ်နိုင်ငံ၊ ချုံချင့်မြူနီစီပယ်မြို့အတွင်း၌ တရားမဝင်နေထိုင် လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများကိစ္စနှင့် ပတ်သက်ပြီး နှစ်နိုင်ငံတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း
သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ်ရုံးယာယီတာဝန်ခံ သံမှူး ဒေါ်နီတာမြင့်နှင့် ချုံချင့်မြူနီစီပယ်မြို့ လူဝင်မှု ကြီးကြပ်ရေးဌာနမှ ညွှန်ကြားရေးမှူး Mr. Lai Hansong တို့သည် ဩဂုတ်လ ၁၅ ရက်နေ့၊ မွန်းလွဲပိုင်းက တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ချုံချင့်မြို့၌မြန်မာနိုင်ငံသားများကိစ္စဆွေးနွေး

ထိုသို့တွေ့ဆုံရာတွင် တရုတ်နိုင်ငံ၊ ချုံချင့်မြူနီစီပယ်မြို့အတွင်း၌ တရားမဝင်နေထိုင် လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများကိစ္စနှင့် ပတ်သက်၍ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် ချုံချင့်မြို့လူဝင်မှုကြီးကြပ်ရေး ဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရေးကိစ္စရပ်များအား မေးမြန်းဆွေးနွေးခဲ့ရာ လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူး Mr. Lai Hansong က တရုတ်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တည်ဆဲဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ တရုတ်နိုင်ငံ၊ ချုံချင့်မြူနီစီပယ်မြို့ရှိ မြန်မာနိုင်ငံသားများအရေးကိစ္စ များ၌ ၎င်းတို့အနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်သည့် နည်းလမ်းများအား ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/21/%e1%80%81%e1%80%bb%e1%80%af%e1%80%b6%e1%80%81%e1%80%bb%e1%80%84%e1%80%b7%e1%80%ba%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%81%8c%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%94/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9小时前
下一篇 9小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....