ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးစေရေး အသိပညာပေးသင်တန်းဖွင့်

ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးစေရေး အသိပညာပေးသင်တန်းဖွင့်

ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးစေရေး အသိပညာပေးသင်တန်းဖွင့်

ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးစေရေး အသိပညာပေးသင်တန်းဖွင့်ပွဲကို သြဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။

ဆည်မြောင်းစနစ်ဖြင့် အရည်အသွေးပြည့်မီသည့် သီးနှံအား သီးထပ်၊ သီးညှပ်စိုက်ပျိုးကာ ပန်းတိုင်အထွက်နှုန်း ရရှိအောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆည်ရေသောက် ဧရိယာ ၅၆၂၄၄၇ ဧကအား ပျိုးထောင်ရေ၊ စိုက်ပျိုးရေ၊ အောင်ရေအား စဉ်ဆက်မပြတ် ရေပေးဝေနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပြီး ရေကို အလေအလွင့်မရှိ အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့်နည်းပညာနှင့် ပညာပေးအစီအစဉ်များအား ဆောင်ရွက်လျက်ရှိသည်။

ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးစေရေး အသိပညာပေးသင်တန်းဖွင့်

ဖွင့်ပွဲအခမ်းအနားတွင် ရေအသုံးချသူများအဖွဲ့ Water User Group တောင်သူများအား ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးစေရေး အသိပညာပေးသင်တန်းပေးခြင်းဖြစ်ပြီး မုံရွာခရိုင်အတွင်းရှိ ချောင်းဦးမြို့နယ်၊ ဘုတလင်မြို့နယ်၊ အရာတော်မြို့နယ်နှင့် မုံရွာမြို့နယ်များမှ စိုက်ပျိုးရေးဦးစီးမှူးများထံ လက်ဆွဲ မျိုးစေ့ချကိရိယာ Drum Seeder များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/21/%e1%80%86%e1%80%8a%e1%80%ba%e1%80%99%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%85%e1%80%94%e1%80%85%e1%80%ba%e1%80%96%e1%80%bc%e1%80%84%e1%80%b7%e1%80%ba-%e1%80%9c%e1%80%9a%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9小时前
下一篇 5小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....