စံချိန်တင်ပေါက်ဈေး ဖြစ်လာတဲ့ အသစ်ဝင် ဂျပန်နှမ်းဖြူနှင့် မြေပဲအနီလုံးဆန်များ 

စံချိန်တင်ပေါက်ဈေး ဖြစ်လာတဲ့ အသစ်ဝင် ဂျပန်နှမ်းဖြူနှင့် မြေပဲအနီလုံးဆန်များ 

စံချိန်တင်ပေါက်ဈေး ဖြစ်လာတဲ့ အသစ်ဝင် ဂျပန်နှမ်းဖြူနှင့် မြေပဲအနီလုံးဆန်များ 

အသစ်ဝင်ရောက်လာသည့် ဂျပန်နှမ်းဖြူနှင့် မြေပဲအနီလုံးဆန်များသည် ဈေးကွက်အတွင်း စံချိန်တင် ပေါက်ဈေးဖြစ်လာကြောင်း ပဲနှမ်း ကုန်သည်များထံက သိရသည်။

ဩဂုတ်လဆန်းပိုင်းကတည်းက ဈေးငြိမ်နေသည့် ပို့ကုန်ပဲများ အနည်းငယ် ဈေးမြင့်တက်လာသကဲ့သို့ ပြည်တွင်းသုံးပဲမာလိုင်းနှင့် ကုလားပဲအုပ်စုမှာ လက်ကျန်နည်းလာခြင်းနှင့် မျိုးစေ့အတွက် မျိုးဝယ်ယူမှုများကြောင့် ပဲပေါက်ဈေးများ ဈေးမြင့်တက်နေခြင်း ဖြစ်သည်။

ပို့ကုန် မတ်ပဲနှင့် ပဲစင်းငုံမှာ ယခင်သီတင်းပတ်ထက် ဆက်လက်ပြီးဈေးမြင့်တက်လာသကဲ့သို့ ပြည်တွင်းသုံးကုလားပဲအုပ်စုမှာလည်း ဈေး ပြန်မြင့်တက်လာကြောင်း၊ လက်ရှိတွင် အသစ်ဝင် ဂျပန်နှမ်းဖြူများသည် စံချိန်တင် ပေါက်ဈေး တစ်အိတ် ငွေကျပ် ၄၃၅၀၀၀ အထိပေါက်ဈေး ဖြစ်လာကြောင်း လက်ကျန်နည်းလာသည့် မြေပဲလုံးဆန်မှာ တစ် ပိဿာလျှင် ငွေကျပ် ၁၀၀၀၀ ကျော် ထိ စံချိန်တင်ပေါက်ဈေးဖြစ်လာကြောင်း ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင် က ပြောသည်။

“ပြည်တွင်းသုံး ကုလားပဲ အုပ်စု ဆက်လက် ဈေးမြင့်တက်နေပါတယ်။ အသစ်ဝင် ဂျပန်နှမ်းဖြူ တွေက စံချိန်တင် မြင့်တက်လာလို့ နှမ်းမျိုးစုံတစ်အိတ် ငွေကျပ် သုံးသိန်းကျော် ဖြစ်လာပါတယ်။ ပို့ကုန် မတ်ပဲနဲ့ ပဲစင်းငုံကလည်း ဈေးအနည်းငယ် တက်လာပါတယ်။ မြေပဲအနီလုံးဆန်ကလည်း လက်ကျန်နည်းလာတော့ တစ် ပိဿာ ငွေကျပ် ၁၀၀၀၀ ကျော်ထိ ဈေးကောင်းလာပါတယ်။ ဆီဆန်တွေကတော့ တစ်ပိဿာ ငွေကျပ် ၇၀၀၀ အောက်ခံဈေး ဖြစ်နေပါတယ်” ဟု ၎င်းက ပြောသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/21/%e1%80%85%e1%80%b6%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba%e1%80%90%e1%80%84%e1%80%ba%e1%80%95%e1%80%b1%e1%80%ab%e1%80%80%e1%80%ba%e1%80%88%e1%80%b1%e1%80%b8-%e1%80%96%e1%80%bc%e1%80%85%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9小时前
下一篇 5小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....