အိမ်ခြံမြေစျေးကွက် ပုံမှန်အရောင်းအဝယ် ပြန်ဖြစ်လာ

အိမ်ခြံမြေစျေးကွက် ပုံမှန်အရောင်းအဝယ် ပြန်ဖြစ်လာ

အိမ်ခြံမြေစျေးကွက် ပုံမှန်အရောင်းအဝယ် ပြန်ဖြစ်လာ

ဒေါ်လာဈေး၊ ရွှေဈေးများ ဈေးနှုန်းအဆမတန်မြင့်တက်ခဲ့သည့် လွန်ခဲ့သည့်နှစ်လခန့်က အိမ်ခြံမြေဈေးကွက်သည်လည်း ဈေးကောင်းရရှိကာ အရောင်းအဝယ်များသည် လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ရာမှ  ယခုအခါ ပုံမှန်အရောင်းအဝယ် ပြန်ဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံက သိရသည်။

“ရွှေစျေး ၂၃ သိန်းကျော်ရောက်သွားတုန်းက အိမ်ခြံမြေ အရောင်းအဝယ် အေးသွားတယ်။ အခုလက်ရှိ ရွှေစျေး ၂၆ သိန်း ၂၇သိန်းစျေးမှာ အိမ်ခြံတွေလိုက်ပြနေရတယ်။ ပြီးခဲ့တဲ့ ၂လ ၃လတုန်းကလို အုန်းအုန်းဒိုင်းဒိုင်း အရောင်းအဝယ်တည့်တာမျိုး မရှိဘူး။ ပုံမှန်အရောင်းအဝယ် ပြန်ရောက်သွားတယ်။ ပြီးခဲ့တဲ့ ၂လ ၃လက အခုရောင်း အခုဝယ်နဲ့ ဝယ်လိုက်ရောင်းလိုက်နဲ့ အရောင်းအဝယ် တော်တော်ဖြစ်ခဲ့တယ်”ဟု မုံရွာမြို့မှ အိမ်ခြံမြေအကျိုးဆောင် ကိုတင်ထွန်းဝင်း ကပြောသည်။

မုံရွာအိမ်ခြံမြေစျေးကွက်တွင် ဝယ်မည့်သူနည်းသွားခြင်း မဟုတ်သကဲ့သို့ ရောင်းမည့်သူကလည်း စောင့်ကြည့်ရောင်းနေသည့် အနေအထားဖြစ်သည်။ ဝယ်မည့်သူကလည်း စဥ်းစားနေသည့် အခြေအနေဖြစ်နေပြီး အိမ်ခြံမြေအရောင်းအဝယ် လုံးဝမရှိတော့သည့် အခြေအနေမဟုတ်ကြောင်း သိရသည်။

အိမ်ခြံမြေစျေးကွက် ပုံမှန်အရောင်းအဝယ် ပြန်ဖြစ်လာ

“လက်ရှိက မုံရွာမြို့မှာ ချမ်းမြဝတီအရောင်းအဝယ် နံပါတ်တစ် ဖြစ်နေတယ်။ နန္ဒဝန်ရပ်၊ မြို့သစ်ရပ်တွေမှာလည်း အရောင်းအဝယ်ဖြစ်တယ်။ စက်မှုဇုန်လည်း အရောင်းအဝယ်လိုက်တယ်။ ပြီးခဲ့တဲ့ ၂လ ၃လကတော့ မုံရွာမြို့က နေရာတိုင်း ရပ်ကွက်တိုင်းမှာ အရောင်းအဝယ်တည့်ခဲ့တာပါ။ ရန်ကင်း၊ ဘုန်းစိုး၊ မြဝတီ၊ အောင်ချမ်းသာ၊ အလယ်ရပ်စသဖြင့်နေရာတိုင်း အရောင်းအဝယ်ဖြစ်ခဲ့တယ်။ ဝယ်လိုက်ရောင်းလိုက်ပေါ့” ဟု ကိုတင်ထွန်းဝင်း ကဆက်လက်ပြောသည်။

မြေစျေးမှာ အတက်စျေးဖြင့် အရောင်းအဝယ်ဖြစ်နေပြီး စျေးကွက်အေး၍ စျေးကျခြင်းမျိုးမရှိကြောင်း၊ ပြီးခဲ့သည့်နှစ်လခန့်က သိန်း၈၀၀တန် မြေကွက်သည် ယခုတွင် သိန်း၁၀၀၀နီးပါး စျေးတက်သွားကြောင်း တွေ့ရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/10/11/%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%81%e1%80%bc%e1%80%b6%e1%80%99%e1%80%bc%e1%80%b1%e1%80%85%e1%80%bb%e1%80%b1%e1%80%b8%e1%80%80%e1%80%bd%e1%80%80%e1%80%ba-%e1%80%95%e1%80%af%e1%80%b6%e1%80%99/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 10月 11, 2022 9:26 下午
下一篇 10月 12, 2022 10:23 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....