မြေပဲဆီဈေး အနည်းငယ်မြင့်တက်၊ မြေပဲဆန်နှင့် နှမ်းမျိုးစုံ စံချိန်တင်ပေါက်ဈေး ဖြစ်လာ

မြေပဲဆီဈေး အနည်းငယ်မြင့်တက်၊ မြေပဲဆန်နှင့် နှမ်းမျိုးစုံ စံချိန်တင်ပေါက်ဈေး ဖြစ်လာ

မြေပဲဆီဈေး အနည်းငယ်မြင့်တက်၊ မြေပဲဆန်နှင့် နှမ်းမျိုးစုံ စံချိန်တင်ပေါက်ဈေး ဖြစ်လာ

မြေပဲဆီဈေး အနည်းငယ်မြင့်တက်လာပြီး မြေပဲဆန်ဈေးနှင့် နှမ်း မျိုးစုံ စံချိန်တင် ဈေးမြင့်တက်လာကြောင်း ပဲနှမ်းကုန်သည်များထံက သိရသည်။

ယခုသီတင်းပတ်တွင် ဈေး ပြန်မြင့်တက်လာသည့် ပို့ကုန်ပဲများ ဈေးတည်ငြိမ်နေပြီး ပဲစင်းငုံ တစ်မျိုးသာ ဈေးဆက်လက်တက်လာကြောင်း၊ ပြည်တွင်းသုံးကုလား ပဲအုပ်စုမှာလည်း ဈေးကျဆင်းသွားကြောင်း၊ အသစ်ဝင်နှမ်းများ ဈေးကွက်အတွင်း ရောက်ရှိလာတာကြောင့် နှမ်းမျိုးစုံဈေးကွက်က အဝယ်သွက်လာသလို နှမ်းဖြူ (ဂျပန်) တစ်အိတ် ငွေကျပ် ၄၀၀ç ၀၀၀ ထိစံချိန်တင် ဈေးကောင်း လာကြောင်း၊ ပြည်တွင်းပဲဆီဈေး တက်လာတာကြောင့် မြေပဲဆီဆန်ဈေးက တစ်ပိဿာငွေကျပ် ၇၀၀၀ ထိ မြင့်တက်လာပြီး အနီလုံးဆန်မှာ တစ်ပိဿာငွေကျပ် ၁၀၀၀၀ ထိ ပေါက်ဈေးရှိလာကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။

“ပို့ကုန်ပဲတွေ ဈေးပြန်ငြိမ်နေပါတယ်။ ပဲစင်းငုံတစ်မျိုးပဲ  ဈေးဆက်တက်ပါတယ်။ မတ်ပဲ ဈေးကတော့ ဆက်မတက်ဘဲ ဈေး ငြိမ်နေပါတယ်။ စားဆီဈေး တက်လာတော့ မြေပဲဆန်ဈေးက ကောင်းလာပါတယ်။ မြေပဲဆန်လည်း လက်ကျန်နည်းလာမှ ဈေး တက်တာပါ။ မြေပဲအနီလုံးဆန်က တစ်ပိဿာငွေကျပ် ၁၀၀၀၀ ထိ ပေါက်ဈေး ရှိလာပါတယ်။ လက်ရှိမှာ ပဲမျိုးစုံဈေးကွက် တစ်ခုလုံးက ခပ်ငြိမ်ငြိမ်လေးနဲ့ အရောင်းအဝယ် ဖြစ်ပါတယ်။ လက်ရှိပဲဈေးကွက် ပေါက်ဈေးတွေက အမြင့်ဆုံးဈေးတွေ ဖြစ်နေတာပါ။ ဒီဈေးတန်းအတိုင်း ပဲသစ်ရာသီအထိ ဆက်သွားပါလိမ့်မယ်။ နှမ်းမျိုးစုံကလည်း အသစ်စပေါ်လာတော့ ယခင်သီတင်းပတ်ထက် ဈေးတက် အဝယ်သွက်လာပါတယ်” ဟု ၎င်းကပြောသည်။

ဩဂုတ် ၈ ရက်တွင် သုံးတင်းဝင် မတ်ပဲ ၆၀ ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၂၃၅၀၀၀ ပေါက်ဈေး၊ ပဲစင်းငုံ ၆၀ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၀၆၀၀၀ သာ ပေါက်ဈေးဖြစ်လာသည်။ ပဲတီစိမ်းအညာ ၅၆ ဒသမ ၂၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၁၆၈၀၀၀ သာ ပေါက်ဈေးရှိတော့သည်။

ပြည်တွင်းသုံးကုလားပဲများ ဩဂုတ် ၈ ရက်တွင် တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀မှ ငွေကျပ် ၁၀၀၀၀ ခန့် ဈေးပြန်ကျဆင်းရာ ကုလားပဲ  V2 တစ်အိတ်လျှင် ငွေကျပ် ၂၅၉၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၂၆၁၀၀၀၊  ထိုင်ဝမ်ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၅၃၀၀၀၊ ၉၂၉ ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀ ပေါက်ဈေး ဖြစ်လာသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၃၆၅၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၄၁၀၀၀၀၊ ကနေဒါစားတော်ပဲ တစ်အိတ်ငွေ ကျပ် ၂၁၃၀၀၀၊ မြေပဲအနီလုံးဆန်(ဝိုင်း) တစ်ပိဿာ ငွေကျပ် ၉၉၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

လက်ရှိမန္တလေးလက်ကား ဈေးကွက်တွင် ပဲဆီတစ်ပိဿာ ငွေကျပ် ၁၄၀၀၀၊ နှမ်းဆီတစ်ပိဿာ ငွေကျပ် ၁၃၀၀၀ နှမ်းမျိုးစုံ ဈေးကွက်မှာ ယခင်သီတင်းပတ်ထက် အနည်းငယ် ဈေးပြန်တက်လာရာ နှမ်းဖြူ(ဂျပန်)  ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၀၅၀၀၀၊ နှမ်းညို တစ်အိတ်လျှင် ငွေကျပ် ၃၁၅၀၀၀၊ နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/15/%e1%80%99%e1%80%bc%e1%80%b1%e1%80%95%e1%80%b2%e1%80%86%e1%80%ae%e1%80%88%e1%80%b1%e1%80%b8-%e1%80%a1%e1%80%94%e1%80%8a%e1%80%ba%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%99%e1%80%bc%e1%80%84%e1%80%b7/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1小时前
下一篇 53分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....