မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးယာယီလမ်းပိတ်ထား

မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးတွင် မိုးသည်းထန်ခြင်းကြောင့် လမ်းပိုင်းပျက်စီးမှုများဖြစ်ပေါ်ပြီး ယာယီလမ်းပိတ်ထား

မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးယာယီလမ်းပိတ်ထား

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး မိုင်တိုင်အမှတ် ၁၅၀ အနီးတွင် ဩဂုတ်လ ၇ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကမ်းပါးယံများသည် တောင်ကျရေနဲ့အတူ ပြိုကျပြီး လမ်းပိုင်းများပျက်စီးမှု ဖြစ်ပွားခဲ့သဖြင့် ယာယီလမ်းပိတ်ထားကြောင်း သိရသည်။

“မိုးက တစ်ပတ်လုံး ရက်ဆက် ရွာတာ။ မိုးရေတွေကြောင့် အာရှလမ်းမကြီးမှာ မြေပြိုမှုတွေဖြစ်တယ်။ အရင်ရက်တွေက မြေပြိုတာတွေရှင်းလင်းပြီး သွားလာလို့ရသေးတယ်။ ဒီနေ့ မွန်းလွဲပိုင်းမှာတော့ မိုင်တိုင် ၁၅၀ အနီးမှာ လမ်းပိုင်းပါ ပြတ်ထွက်သွားတာ။ လောလောဆယ်တော့ ကားတွေ သွားလို့မရတော့ဘူး” ဟု ကားဆရာတစ်ဦးက ပြောသည်။

မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးယာယီလမ်းပိတ်ထား

မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုဖြစ်ပွားနေသကဲ့သို့ ကရင်ပြည်နယ် မြဝတီ၊ ဝေါလေ ဒေသတစ်လျှောက် ထိုင်းမြန်မာနယ်စပ် ကျေးရွာများတွင် မိုးဆက်တိုက်ရွာခြင်းကြောင့် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများ ဖြစ်ပွားကာ ဒေသခံများ ဒုက္ခရောက်နေကြရကြောင်းလည်း သိရသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/08/%e1%80%99%e1%80%bc%e1%80%9d%e1%80%90%e1%80%ae-%e1%80%80%e1%80%b1%e1%80%ac%e1%80%b7%e1%80%80%e1%80%9b%e1%80%ad%e1%80%90%e1%80%ba%e1%80%a1%e1%80%ac%e1%80%9b%e1%80%be%e1%80%9c%e1%80%99%e1%80%ba-2/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6天前
下一篇 5天前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....