မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန်ပစ္စည်းများ တင်ပို့ရန် GACC တွင် မှတ်ပုံတင်ရမည်

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန်ပစ္စည်းများ တင်ပို့ရန် GACC တွင် မှတ်ပုံတင်ရမည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC) ၏ ကြေညာချက်အမှတ် (၂၄၈) နှင့် (၂၄၉) တို့အရ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက် ကုန်တင်ပို့ မည့်/ တင်ပို့လျက်ရှိသည့် လုပ်ငန်းရှင်များ အနေဖြင့် GACC တွင် မှတ်ပုံတင်ပြီးမှ သာလျှင် တင်ပို့ခွင့်ရရှိမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ အသားနှင့် အသားထုတ်ကုန်များ၊ ရေထွက်ကုန်များ၊ နို့ထွက်ပစ္စည်းများ၊ ငှက်သိုက်နှင့် ဆက်စပ်ထုတ်ကုန်များ၊ အစာသွတ်ရန် အသုံးပြုသည့် အပေါ်ခွံ၊ ပျားရည်နှင့် ပျားထွက်ပစ္စည်း၊ ဥနှင့် ဥထုတ်ကုန်များ၊ စားသုံးဆီ၊ အပြင်အသားအား ဂျုံသား ဖြင့် ပြုလုပ်ထားပြီး စားသုံးနိုင်သည့် သို့မဟုတ် အေးခဲထားသည့်ထုတ်ကုန်များ၊ စားသုံးနိုင်သော အစေ့အဆန်များ၊ ကြိတ်ခွဲ သီးနှံထွက်ကုန်များနှင့် မုယောစပါး၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် ရေဓာတ်ထုတ်ထားသော ဟင်းသီး ဟင်းရွက်များ၊ ပဲမျိုးစုံ၊ အနံ့အရသာ အတွက် အသုံးပြုသော ဟင်းခတ်အမွှေး အကြိုင်များ၊ အခွံမာသီးနှင့်အစေ့အဆန်များ၊ သစ်သီး ခြောက်များ၊ မလှော်ထားသော ကော်ဖီစေ့နှင့် ကိုကိုးစေ့များ၊ အထူး အာဟာရအစား အသောက်များ၊ ကျန်းမာ ရေးဖြည့်စွက်စာများ အစရှိသည့် ကုန်စည် အမျိုးအစား ၁၈ ခုတို့ကို တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့တွင် မှတ်ပုံတင်ရမည် ဖြစ်သည်။

ကုန်စည်အုပ်စုအလိုက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်နိုင်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များမှာ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနတို့ ဖြစ်ကြပါသည်။

အဆိုပါ ကုန်စည်အမျိုးအစား ၁၈ အုပ်စု၌ ပါဝင် ခြင်းမရှိသည့် ကုန်စည်များကို ထုတ်လုပ်/တင်ပို့မည့် လုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံ၏ ပြတင်းတစ်ပေါက် အစီအစဉ်ဖြစ်သည့် https://cifer.singlewindow.cn သို့ဝင်ရောက်၍ ကိုယ်တိုင် Account ဖွင့်လှစ်ကာ တိုက်ရိုက်လျှောက်ထားရမည် ဖြစ်သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၈ ရက်အထိ ကုမ္ပဏီ/ စက်ရုံ ၁၃၂၆ ခုမှ ပေးပို့ထားသည့် စောင်ရေ စုစုပေါင်း ၂၄၀၅ စောင်အားမှတ်ပုံတင်ရန် လျှောက်ထားပြီးဖြစ်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ ကုမ္ပဏီ ၁၁၈၃ ခု၊ စောင်ရေ ၂၂၆၂ စောင်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကုမ္ပဏီ/စက်ရုံ ၁၂၀ ခု၊ စောင်ရေ ၁၂၀ စောင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကုမ္ပဏီ ၁၄ ခု၊ စောင်ရေ ၁၄ စောင်နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ကုမ္ပဏီ ကိုးခု၊ စောင်ရေကိုးစောင် ဖြစ်သည်။

အဆိုပါ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံမှ တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ လယ်ယာစိုက်ပျိုး ရေးထွက်ကုန်များ အပါအဝင် ကုန်စည်များအား တရားဝင်တင်ပို့နိုင်ရန် အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) မှ မှတ်ပုံတင်ပေးပြီးဖြစ်သည့် လုပ်ငန်းများ စာရင်းအား တရုတ်နိုင်ငံ၏ ပြတင်း တစ်ပေါက် အစီအစဉ် https://ciferquery.singlewindow.cn/ ၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စိုက်ပျိုး ရေးစားသောက်ကုန်များ တင်ပို့သည့် ကုမ္ပဏီများ အနေဖြင့် မှတ်ပုံတင်ခြင်းအတွက် ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) အောက်ရှိ CIFER မှတစ်ဆင့် ဆောင်ရွက်ခဲ့ရာမှ China Department of Animal and plant Quarantine ဌာန မှ ကော်ဖီစေ့ (raw)၊ ကိုကိုးစေ့ (cocoa beans) {Unroasted coffee beans and cocoa beans} ၊ ဟင်းသီးဟင်းရွက်အစိမ်းများ(Fresh and dehydrated vegeta-bles)၊ ဟင်းခတ်အမွှေး အကြိုင်များ{Plant Seasonings (Plant Species)} ၊ စားသုံး နိုင်သည့် အစေ့အဆန်များ(Edible grains)၊ ပဲမျိုးစုံ (Dried Beans)၊ ဆီထွက်အပင်များ {Oilseeds (Oil Plant)} နှင့် တရုတ် တိုင်းရင်းဆေးထုတ်လုပ်သည့် တိရစ္ဆာန် (သို့မဟုတ်) အပင်မူရင်းများ (Chinese Traditional Medicines) အစရှိသည့် စိုက်ပျိုးရေး စားသောက်ကုန်စည်အုပ်စု ခုနစ်မျိုးကို ပြောင်းလဲ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး မှတ်ပုံတင်ခြင်းကို Manual စနစ်ဖြင့် လျှောက်ထား ရမည်ဖြစ်သည်။

အဆိုပါ ကုန်စည်အုပ်စု ခုနစ်မျိုး အတွက် Manual စနစ်ဖြင့် မှတ်ပုံတင်ခြင်း လုပ်ငန်းအား ကုမ္ပဏီလုပ်ငန်းများမှ ကိုယ်တိုင်ဆောင်ရွက်၍မရပါ။ သက်ဆိုင်ရာ Competent Authority Department ထံလျှောက်ထားရမည်။ စိုက်ပျိုးရေး ထွက်ကုန်များအတွက် စိုက်ပျိုးရေးဦးစီး ဌာနသို့ လျှောက်ထားရမည်။ သက်ဆိုင်ရာ ဌာနမှ တာဝန်ခံအရာရှိ (Competent Authority) ကသာ ၎င်းလျှောက်ထားမှုကို ဆောင်ရွက်နိုင်ပြီးစာ (သို့မဟုတ်) Email ဖြင့် dapq@customs.gov.cn သို့ ပေးပို့ ခြင်း (သို့မဟုတ်) မြန်မာနိုင်ငံရှိ တရုတ် သံရုံး/တရုတ်နိုင်ငံရှိ မြန်မာသံရုံးမှ တစ်ဆင့် ပေးပို့လျှောက်ထားရမည်။

အဆိုပါ https://ciferquery.single-window.cn/ Website တွင် online စနစ် ဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင် ၂၈ ရက်အထိ မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေ အုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC)တွင် Compe-tent Authority ထောက်ခံချက်လိုသည့် ကုန်စည်အုပ်စုနှင့် ကိုယ်တိုင်ဝင်ရောက် လျှောက်ထားသည့် ကုန်စည်အုပ်စုအပါအဝင် စုစုပေါင်း စောင်ရေ ၉၄၉ စောင်အား မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။

http://dzs.customs.gov.cn/ Web-site တွင် Manual စနစ်ဖြင့် ၂၀၂၃ ခုနှစ် ဇွန် ၂၈ ရက်အထိ မြန်မာနိုင်ငံမှ တရုတ် ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်ပြီးဖြစ်သည့် စာရင်းများကို ဝင်ရောက်ကြည့်ရှုနိုင်သည်။

ထပ်မံသိရှိလိုသည်များရှိပါက GACC ရုံးလုပ်ငန်းအဖွဲ့၊ ပြည်တွင်းကုန်သွယ်မှုဌာနခွဲ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဖုန်းအမှတ်၊ ၀၆၇-၃-၄၀၈၆၀၅၊ ၀၆၇-၃-၄၀၈၆၁၈ နှင့် Email: myan-trade.domestic@gmail.com တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရှိရ သည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/08/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%99%e1%80%be-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%ad/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6天前
下一篇 3天前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....