အမျိုးသားဇာတ်ရုံ (ရန်ကုန်) လွှဲပြောင်းခြင်းအခမ်းအနား

တရုတ်နိုင်ငံ၏အကူအညီဖြင့် အကြီးစားမွမ်းမံပြင်ဆင်ပြီးမြောက်သည့် အမျိုးသားဇာတ်ရုံ (ရန်ကုန်) လွှဲပြောင်း လက်ခံခြင်းအခမ်းအနား ကျင်းပ

အမျိုးသားဇာတ်ရုံ (ရန်ကုန်) လွှဲပြောင်းခြင်းအခမ်းအနား

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန်)ကို တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏အကူအညီဖြင့် အကြီးစားမွမ်းမံပြင်ဆင်ပြီးမြောက်သဖြင့် လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီတွင် အမျိုးသားဇာတ်ရုံ (ရန်ကုန်)၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Mr. Chen Hai နှင့် သံရုံးဝန်ထမ်းများ၊ Beijing Construction Engi-neering Group Co.,Ltd မှ အင်ဂျင်နီယာများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Mr. Chen Hai နှင့် စီးပွားရေးသံမှူး Mr. Tan Shu Fu တို့က အမျိုးသားဇာတ်ရုံ (ရန်ကုန်)ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုဝန်ကြီးထံ သံအမတ်ကြီးက အမျိုးသားဇာတ်ရုံ (ရန်ကုန်) ပြင်ဆင်ပြီးစီးမှုဆိုင်ရာ အထောက်အထားများကို လွှဲပြောင်းပေးအပ်သည်။

အမျိုးသားဇာတ်ရုံ (ရန်ကုန်) လွှဲပြောင်းခြင်းအခမ်းအနားအမျိုးသားဇာတ်ရုံ (ရန်ကုန်) လွှဲပြောင်းခြင်းအခမ်းအနားအမျိုးသားဇာတ်ရုံ (ရန်ကုန်) လွှဲပြောင်းခြင်းအခမ်းအနား

ပြည်ထောင်စုဝန်ကြီးက မကြာမီအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးအခမ်းအနားကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကျင်းပသည့် အမျိုးသားဇာတ်ရုံ (ရန်ကုန်) လွှဲပြောင်းလက်ခံခြင်း အခမ်းအနားသည် စိန်ရတု လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုရာရောက်သည့် အခမ်းအနားဖြစ်သည့်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူများကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

အဆိုပါ အမျိုးသားဇာတ်ရုံ (ရန်ကုန်) အကြီးစားပြင်ဆင်မှုအတွက် လုပ်ငန်းတန်ဖိုး RMB ၁၇၃၀၀၀၀၀၀ (ယွမ်တစ်ရာခုနစ်ဆယ့်သုံးသန်း တိတိ)ကုန်ကျခဲ့ကာ အသစ်တည်ဆောက်ပေးသကဲ့သို့ ခေတ်မီ ဇာတ်ရုံအင်္ဂါရပ်များ ပြည့်စုံစွာ ထည့်သွင်းပေးထားပြီး အမျိုးသားဇာတ်ရုံရှိ ဝန်ထမ်းများကို လိုအပ်သော သင်တန်းများ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာ၏ သတင်းဖော်ပြချက်အရ သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/12/29/%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%87%e1%80%ac%e1%80%90%e1%80%ba%e1%80%9b%e1%80%af%e1%80%b6-%e1%80%9b%e1%80%94%e1%80%ba%e1%80%80%e1%80%af%e1%80%94/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 12月 29, 2022 2:33 下午
下一篇 12月 31, 2022 9:58 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....