တောင်သူလယ်သမားနှင့်အားကစားရုပ်သံလိုင်းအဆင့်မြှင့်

တောင်သူလယ်သမားရုပ်သံလိုင်းနှင့် အားကစားရုပ်သံလိုင်းများ အဆင့်မြှင့်တင်ကပြီး ဩဂုတ် ၁ ရက်မှစတင်၍ နံနက် ၆ နာရီမှ ည ၁၂ နာရီအထိ ထုတ်လွှင့်သွားမည်

တောင်သူလယ်သမားနှင့်အားကစားရုပ်သံလိုင်းအဆင့်မြှင့်

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် Hey Play Co., Ltd တို့ပူးပေါင်း၍ MRTV Farmers’ Channel နှင့် MRTV Sports Channel အဆင့်မြှင့်တင် ထုတ်လွှင့်မှု (Channel Rebranding) ဖွင့်လှစ်ခြင်း အခမ်းအနားကို ဩဂုတ်လ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Auditorium ခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ပြည်ထောင်စု ဝန်ကြီးဦးမောင်မောင်အုန်းနှင့်ဇနီး၊ ဦးမင်းနောင်၊ ဦးခင်မောင်ရီနှင့်ဇနီး၊ ဦးအောင်နိုင်ဦး၊ ဒုတိယ ဝန်ကြီးဦးရဲတင့်၊ ဦးဇင်မင်းထက်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ Hey Play Co.,Ltd မှ တာဝန်ရှိသူများ၊ အနုပညာရှင်များ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အဆိုပါ MRTV Farmers’ Channel တောင်သူလယ်သမားရုပ်သံလိုင်းနှင့် MRTV Sports Channel အားကစားရုပ်သံလိုင်းများ ထုတ်လွှင့်မှုကို ယခုအခါ Hey Play Co., Ltd နှင့် ပူးပေါင်း၍ အစီအစဉ်များ အဆင့်မြှင့်တင်ခြင်း Rebranding ဆောင်ရွက်ပြီး ဩဂုတ် ၁ ရက်မှစတင်၍ နံနက် ၆ နာရီမှ ည ၁၂ နာရီအထိ စုစုပေါင်း ၁၈ နာရီကို ထုတ်လွှင့်သွားမည် ဖြစ်သည်။

MRTV Farmers’ Channel ကို လယ်ယာကဏ္ဍဆိုင်ရာ ခေတ်မီစိုက်ပျိုးမွေးမြူနည်းစနစ်များ၊ စိုက်ပျိုးရေးဆိုင်ရာ သတင်းအချက်အလက်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ နည်းပညာ၊ အတွေ့အကြုံ၊ အသိပညာဗဟုသုတရရှိစေရန် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှ စတင်၍လည်းကောင်း၊ MRTV Sports Channel ကို အားကစားနည်းစနစ် များ၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ၊ ပြည်တွင်း၊ ပြည်ပအားကစားပွဲများ ကြည့်ရှုနိုင်ရန် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်၍ လည်းကောင်း ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/01/%e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9e%e1%80%b0%e1%80%9c%e1%80%9a%e1%80%ba%e1%80%9e%e1%80%99%e1%80%ac%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba%e1%80%a1%e1%80%ac%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 1, 2023 7:33 下午
下一篇 8月 1, 2023 7:39 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....