မုံရွာမြို့တွင် မီးဖွားရန် ရက်ပိုင်းသာလိုတော့သည့် ကိုယ်ဝန်ဆောင်အမျိုးသမီး အသတ်ခံရသည့် ဓါးပြတိုက်မှုဖြစ်

မုံရွာမြို့တွင် မီးဖွားရန် ရက်ပိုင်းသာလိုတော့သည့် ကိုယ်ဝန်ဆောင်အမျိုးသမီး အသတ်ခံရသည့် ဓါးပြတိုက်မှုဖြစ်

မုံရွာမြို့တွင် မီးဖွားရန် ရက်ပိုင်းသာလိုတော့သည့် ကိုယ်ဝန်ဆောင်အမျိုးသမီး အသတ်ခံရသည့် ဓါးပြတိုက်မှုဖြစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ထန်းတောအင်းဖြတ်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်အား သြဂုတ်လ ၁၀ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က ဓားပြ ဝင်တိုက်ပြီး ပစ္စည်းများလုယူသွားသည့်အပြင် မီးဖွားရန် ရက်ပိုင်းသာလိုတော့သည့် ကိုယ်ဝန်ဆောင်မိခင်အား သတ်ဖြတ်ခဲ့ကြောင်း အိမ်နီးချင်းမြို့ခံတစ်ဦးကပြောသည်။

“ဓားပြတိုက်ပြီး ပစ္စည်းယူယုံမက လူပါ သတ်သွားတာ။ အသတ်ခံရတာက နောက် ၃-၄ ရက်ဆို ကလေးမွေးတော့မယ့် ကိုယ်ဝန်ဆောင်ကို သတ်သွားတာ။ ဗိုက်ကြီးသည်ကိုတော့ မလုပ်သင့်ဘူးလို့ မြင်တယ်ဗျာ။ စိတ်လည်းမကောင်းဘူး”ဟု အဆိုပါမြို့ခံကပြောသည်။

အသတ်ခံရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးသည် လာမည့် သြဂုတ်လ ဒုတိယအပတ်တွင် သားဦးယောက်ကျားလေး မွေးဖွားမည်ဖြစ်သည်ဟုဆိုသည်။

အဆိုပါ လူသတ် ဓားပြတိုက်မှုတွင် ဖုန်း နှစ်လုံးနှင့် ဆိုင်ကယ် တစ်စီးတို့အား လုယူထွက်ပြေးသွားကြောင်း သိရသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/11/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%99%e1%80%ae%e1%80%b8%e1%80%96%e1%80%bd%e1%80%ac%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 8, 2023 10:47 上午
下一篇 3小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....