မီးပုံးပျံဖြင့် မျိုးစေ့ ကြဲချပြီး သစ်ပင်စိုက်ပျိုး

မီးပုံးပျံဖြင့် မျိုးစေ့ ကြဲချပြီး သစ်ပင်စိုက်ပျိုး

မီးပုံးပျံဖြင့် မျိုးစေ့ ကြဲချပြီး သစ်ပင်စိုက်ပျိုး

ပြီးခဲ့သည့်ရက်ပိုင်းက Green Challenge Association သည် ပြင်ဦးလွင်-ကျောက်ဆည် ခရိုင်ချင်းဆက်လမ်းဘေး ၂၈ ကီလိုမီတာမှ ၃၃ ကီလိုမီတာအတွင်း မီးပုံးပျံဖြင့် မျိုးစေ့ကြဲချပြီး သစ်ပင်စိုက်ပျိုးခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

မီးပုံပျံတွင် မျိုးစေ့အိတ်များ ချိတ်ဆွဲ၍ မြေပြင်ပေါ်သို့ မျိုးစေ့စုစုပေါင်း ၅၀၀၀၀ ကြဲချခဲ့ခြင်းဖြစ်ပြီး မန်ကျည်း၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ စွယ်တော်၊ ရွေးကြီး၊ မျောက်ငို၊ ဘောစကိုင်း၊ ကုက္ကိုလ်၊ ထင်းရှူး အစရှိသည့် သစ်ပင်မျိုးစေ့များပါဝင်ကြောင်း သိရသည်။

မီးပုံးပျံဖြင့် မျိုးစေ့ ကြဲချပြီး သစ်ပင်စိုက်ပျိုး

ထိုသို့ဆောင်ရွက်သည်မှာ ယခုအကြိမ်တွင် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး Green Challenge Association အနေဖြင့် သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းသည် ကမ္ဘာမြေကျန်းမာစွာ ကြာရှည်တည်တံ့စေရေးအတွက် အရေးကြီးသော လုပ်ငန်းတစ်ရပ်ဖြစ်သည်ဟု သတ်မှတ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/08/%e1%80%99%e1%80%ae%e1%80%b8%e1%80%95%e1%80%af%e1%80%b6%e1%80%b8%e1%80%95%e1%80%bb%e1%80%b6%e1%80%96%e1%80%bc%e1%80%84%e1%80%b7%e1%80%ba-%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%85%e1%80%b1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6天前
下一篇 6天前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....