ဘိန်းဖြူချက်လုပ်သည့်စခန်း ဖော်ထုတ်သိမ်းဆည်းရမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တွင် ဘိန်းဖြူချက်လုပ်သည့်စခန်း ဖော်ထုတ်သိမ်းဆည်းရမိ

ဘိန်းဖြူချက်လုပ်သည့်စခန်း ဖော်ထုတ်သိမ်းဆည်းရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ နမ့်ခမ်း(၁)အပေါ် ကျေးရွာ၏ အနောက်ဘက်(၄)မိုင်ခန့်အကွာရှိ လျှိုအတွင်းရှိ မူးယစ်ဆေးဝါးချက်လုပ်သည့်စခန်းကို ဧပြီလ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က ဖော်ထုတ်သိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှာဖွေရာ ၎င်းလျှိုအတွင်းရှိ မိုးကာတဲ ၄ လုံးအတွင်း၌ ဘိန်းဖျော်ရည် ၆၀ လီတာ၊ ထိန်းချုပ်ဓာတုပစ္စည်း အီသိုင်း အီသာ ၈၀ လီတာနှင့် အခြားဓာတုပစ္စည်းများဖြစ်သည့် Benzene ၆၀ လီတာ၊ ဆိုဒီယမ်ကာဗွန်နိတ် ၃ ကီလို၊ ဆိုဒီယမ်နိုက်ထရိတ် ၄ ကီလို၊ ပိုတက်ဆီယမ် ၁၅ ကီလိုနှင့် ဘိန်းဖြူချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဥပဒေအရအရေးယူထားရှိကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/14/%e1%80%98%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%96%e1%80%bc%e1%80%b0%e1%80%81%e1%80%bb%e1%80%80%e1%80%ba%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%9e%e1%80%8a%e1%80%b7%e1%80%ba%e1%80%85%e1%80%81/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 14, 2023 4:34 下午
下一篇 4月 14, 2023 4:40 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....