လာမည့်ကြံရာသီတွင် ဝယ်ဈေးတိုးမြှင့်ဝယ်ယူမည်ဟုဆို

ပြည်တွင်းသကြားဈေး မြင့်တက်လာခြင်းကြောင့် လာမည့်ကြံရာသီတွင် ဝယ်ဈေးတိုးမြှင့်ဝယ်ယူမည်ဟုဆို

လာမည့်ကြံရာသီတွင် ဝယ်ဈေးတိုးမြှင့်ဝယ်ယူမည်ဟုဆို

ပြည်တွင်းသကြားဈေး မြင့်တက်လာခြင်းကြောင့် လာမည့်ကြံရာသီတွင် ကြံတစ်တန်လျှင် ငွေကျပ် တစ်သိန်းတစ်သောင်းထိ တိုးမြင့်ဝယ်ယူမည်ဟု သကြားစက်ရုံများက ထုတ်ပြန်ထားလျက်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်း ငွေရည်ပုလဲ သကြားစက်ရုံကလည်း ၂၀၂၂-၂၀၂၃ ကြံရာသီတွင် မတ်လပိုင်းက ကြံတစ်တန်လျှင် ငွေကျပ် ၉၅၀၀၀ ထိ တိုးမြင့် ဝယ်ယူခဲ့ရာမှ လာမည့် ကြံရာသီတွင် ကြံတစ်တန် ငွေကျပ် တစ်သိန်းနှစ်သောင်းထိ တိုးမြင့် ဝယ်ယူမည်ဖြစ်ကြောင်း ဩဂုတ် ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

“စက်ရုံတွေက ကြံရာသီ မတိုင်မီ ဝယ်ယူမည့်ဈေးနှုန်းကို နှစ်ကြိမ်လောက် တိုးမြင့်ပေးဝယ်ယူလေ့ရှိပါတယ်။ ယခုသကြားဈေး မြင့်တက်လာလို့ တိုးမြင့်ပေးဝယ်တာပါ။ မနှစ်က ကြံရာသီအကုန်မှာ ကြံတစ်တန် ငွေကျပ် ၁၀၀၀၀၀  ထိ ပေးဝယ်ခဲ့ပါတယ်။ ယခုလည်း ကြံတစ်တန် ၁၁၀၀၀၀ ထိ တိုးမြင့်ပေးလာတာပါ။ လက်ရှိ သကြားဈေးနဲ့တွက်ရင် ပိုမိုပေးဝယ်သင့်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းဌေး က ပြောသည်။

လက်ရှိပြည်တွင်းသကြား စားသုံးမှုနှင့်ထုတ်လုပ်မှုမှာ ကာမိမှုမရှိဘဲ လျော့နည်းနေကြောင်း ပြည်တွင်းသကြားစားသုံးမှုမှာ တန်ချိန် ၅၀၀၀၀၀ ခန့်ရှိပြီး ယခင်နှစ် သကြားထုတ်လုပ်မှုမှာ တန်ချိန် ၅၀၀၀၀၀ အောက် လျော့နည်းခဲ့၍ သကြားဈေး မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

ဩဂုတ် ၃ ရက်နေ့တွင် ပြည်တွင်းသကြားပေါက်ဈေးမှာ တစ်ပိဿာလျှင် ငွေကျပ် ၃၃၀၀ ပေါက်ဈေး ရှိနေပြီး နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာပေါက်ဈေးမှာလည်း ၃၃၀၀ ကျော် ပေါက်ဈေးရှိနေရာ ကြံတစ်တန်ဈေးနှုန်း ၁၁၀၀၀၀ မှာ သကြားစက်ရုံများ၏ ထုတ်လုပ်မှုစရိတ်နှင့် သကြားထွက်ရှိမှုအရ တောင်သူများအတွက် နည်းပါးနေသေးကြောင်း ကြံတောင်သူတစ်ဦး က ပြောသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/07/%e1%80%9c%e1%80%ac%e1%80%99%e1%80%8a%e1%80%b7%e1%80%ba%e1%80%80%e1%80%bc%e1%80%b6%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%9d%e1%80%9a%e1%80%ba%e1%80%88%e1%80%b1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6天前
下一篇 6天前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....