သီးနှံအထွက်တိုးပြီး သား၊ငါး၊ဥ ထုတ်လုပ်မှု မြင့်မားရေး ဆွေးနွေးပွဲ မုံရွာမြို့တွင် ကျင်းပ
သီးနှံအထွက်တိုးပြီး သား၊ငါး၊ဥ ထုတ်လုပ်မှု မြင့်မားရေး ဆွေးနွေးပွဲကို ဇူလိုင်လ ၅ ရက်နေ့က မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဆွေးနွေးပွဲကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် စိုက်ပျိုးရေး ကြီးကြပ်ညှိနှိုင်းမှု အဖွဲ့များ တက်ရောက်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အဓိက သီးနှံများ၏ တစ်ဧက ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ စိုက်ဧကများ လျာထားချက်ပြည့်မီအောင် ဆောင်ရွက်နိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ တိုင်းဒေသကြီး၏ ဆန်၊ ဆီ၊ ပဲ ဖူလုံမှု ရရှိစေရေးနှင့် အသား၊ ငါးများ လုံလောက်စွာ ရရှိရေး စသောအချက်များကို ဆွေးနွေးအဖြေရှာခဲ့ကြကြောင်း သိရသည်။
စျာန်ထူးကို
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/07/08/%e1%80%9e%e1%80%ae%e1%80%b8%e1%80%94%e1%80%be%e1%80%b6%e1%80%a1%e1%80%91%e1%80%bd%e1%80%80%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%95%e1%80%bc%e1%80%ae%e1%80%b8-%e1%80%9e%e1%80%ac%e1%80%b8/