တရုတ်နိုင်ငံခရီးသွားလာရေး မိတ်ဆက်ပွဲအခမ်းအနား

အမျိုးသမီးများနှင့် လူငယ်များအတွက် သီးသန့်အစီအစဉ်ကျင်းပပေးခဲ့သည့် မင်္ဂလာအဖြာဖြာဆုံစည်းရာ လက်ဖက်ရည်ကြမ်းအနုပညာနှင့် တရုတ်နိုင်ငံခရီးသွားလာရေး မိတ်ဆက်ပွဲအခမ်းအနား

တရုတ်နိုင်ငံခရီးသွားလာရေး မိတ်ဆက်ပွဲအခမ်းအနား

“မင်္ဂလာအဖြာဖြာဆုံစည်းရာ လက်ဖက်ရည်ကြမ်းအနုပညာ” နှင့် တရုတ်နိုင်ငံခရီးသွားလာရေး မိတ်ဆက်ပွဲအခမ်းအနား အမျိုးသမီးများနှင့် လူငယ်များအတွက် သီးသန့်အစီအစဉ်ကို သြဂုတ်လ ၂ ရက်နေ့တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ အသီးသီး ကျင်းပခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံခရီးသွားလာရေး မိတ်ဆက်ပွဲအခမ်းအနားတရုတ်နိုင်ငံခရီးသွားလာရေး မိတ်ဆက်ပွဲအခမ်းအနားတရုတ်နိုင်ငံခရီးသွားလာရေး မိတ်ဆက်ပွဲအခမ်းအနား

အဆိုပါသီးသန့်အစီအစဉ်သို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံ တရုတ်အမျိုးသမီးများအသင်း၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံအခြေစိုက် အမျိုးသမီးသံတမန်များနှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ မြန်မာနိုင်ငံ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ အထက (၂) လသာ၊ အထက (၁၄) လှိုင်သာယာ၊ KINGS International School ၊ GESC သင်တန်းကျောင်း စသည်တို့မှ ဆရာဆရာမ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကိုယ်စားလှယ်အဖွဲ့က စီးကရက်ဘူးအက၊ ဆံပင်ခါအက၊ ဟားနီသံစုံရှေးသီချင်း စသည့် တိုးရင်းသားထူးခြားချက်များပါဝင်သော အဆိုအကများကို တင်ဆင်ပြသခဲ့ပြီး ယူနန်ခရီးသွားလာရေးမိတ်ဆက်ဗီဒီယိုကို ထုတ်လွှင့်ပြသခဲ့သည်။

ထို့နောက် ဧည့်သည်တော်များသည် တရုတ်နိုင်ငံ လက်ဖက်ရည်ကြမ်းယဉ်ကျေးမှုနှင့် ခရီးသွားဓာတ်ပုံပြပွဲကို လေ့လာကြည့်ရှုကြပြီး ယူနန်၏ ထူးခြားချက်များပါဝင်သော လက်ဖက်ရည်ကြမ်းအနုပညာနှင့် ပန်းမုန့်များကို မြည်းစမ်းကာ “ယူနန်ဟုခေါ်သည့် လူနေမှုဘဝ” ကို တွေ့ကြုံခံစားကြကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/07/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%81%e1%80%9b%e1%80%ae%e1%80%b8%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%9c%e1%80%ac-2/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6天前
下一篇 6天前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....