မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ငွေကျပ် ၃ ဒသမ ၉၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ငွေကျပ် ၃ ဒသမ ၉၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ငွေကျပ် ၃ ဒသမ ၉၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္က လာပမြို့နယ်၊ မင်္ဂလာဒုံမြို့နယ် တို့တွင် ငွေကျပ် ၃ ဒသမ ၉၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၆ ရက်နေ့ ည ၉ နာရီခွဲအချိန်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်၊ မရမ်းချောင် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ရန်ကုန်မှရေးသို့ သွားသည့် ခရီးသည်တင်ယာဉ်ပေါ်ပါ အောင်မင်းထွန်း အား အိုက်စ် (မက်သ်အဖက်တမင်း) ၃ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ဇူလိုင်လ ၂၇ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ဖမ်းမိမူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သည့် ညီညီထွန်း(ခ)ညီညီ အား ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း၊ ညနေ ၅ နာရီအချိန် စံလင်း နှင့် ထွန်းနိုင်မိုး တို့အား မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီးတွင် အိုက်စ် ၁ ကီလို၊ Honda Fit မော်တော် ယာဉ် ၁ စီးနှင့် လည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့သည်။

မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ငွေကျပ် ၃ ဒသမ ၉၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဆက်လက်ပြီး ညနေ ၅ နာရီခွဲအချိန် ဖမ်းမိတရားခံ ထွန်းနိုင်မိုး ငှားရမ်းနေထိုင်သည့် မင်္ဂလာဒုံမြို့နယ်၊ ပုလဲ(၁) ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းရှိ နေအိမ်တွင် အောင်ကိုဦး နှင့်အတူ အိုက်စ် (မက်သ်အဖက်တမင်း) ၁၁၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း၊ ကက်တမင်း ၆၂၀ ဂရမ် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ် ၃ ဒသမ ၉၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၁၈ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း၊ ကက်တမင်း ၆၂၀ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့သည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/07/%e1%80%99%e1%80%bd%e1%80%94%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%9b%e1%80%94%e1%80%ba%e1%80%80%e1%80%af%e1%80%94/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6天前
下一篇 5天前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....