တရုတ်နိုင်ငံ နန်နင်းမြို့၌ ကျင်းပမည့် တရုတ်- အာဆီယံ ကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံက ပါဝင်ပြသနိုင်ရေးဆွေးနွေး
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ကျင်းပပြုလုပ်မည့် (၂၀)ကြိမ်မြောက် တရုတ်- အာဆီယံ ကုန်စည်ပြပွဲ (CAEXPO)၌ မြန်မာနိုင်ငံမှ အောင်မြင်စွာ ပါဝင်ပြသနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဩဂုတ်လ ၄ ရက်နေ့၊ မွန်းလွဲပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးကို မြန်မာနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ဦး ဆောင်ကျင်းပခဲ့ရာ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်း၊ သံမှူး ဒေါ်ခိုင်ငြိမ်းစုနှင့် စီးပွားရေးသံမှူး ဒေါ်ကေခိုင်ကျော်၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူ တာကပေါ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
နန်နင်းမြို့၌ ကျင်းပပြုလုပ်မည့် (၂၀)ကြိမ်မြောက် တရုတ်- အာဆီယံ ကုန်စည်ပြပွဲ (CAEXPO)ကို စက်တင်ဘာလ (၁၆)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ကိုခန့်
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/07/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6-%e1%80%94%e1%80%94%e1%80%ba%e1%80%94%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bc%e1%80%ad/