မန္တလေးမြို့တွင်း ပြေးဆွဲနေသော သုံးဘီးအငှားယာဉ်များအားလုံး အဝါရောင်ပြောင်းလဲရမည်
မန္တလေးမြို့တွင်း ပြေးဆွဲနေသော လူစီးသုံးဘီးအငှားယာဉ်များ အားလုံးသည် ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး အဝါရောင်ပြောင်းလဲရမည်ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီ(မြို့တွင်း)မှ အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
မန္တလေးမြို့တော်အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျရှိစေရေး၊ ခရီးသည်များ လုံခြုံချောမွေ့စွာဖြင့်သွားလာမှု ပိုမိုအဆင်ပြေစေရန်နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ခရီးသည်များ တင်ဆောင်ပြေးဆွဲလျက်ရှိကြသည့် လူစီးသုံးဘီး အငှားယာဉ်များအား ဆေးရောင်တစ်ရောင်တည်း အဝါရောင်(ကုဒ်နံပါတ်-455)အား တစ်ပြေးညီ ဖြစ်စေရေး ဆေးရောင်ပြောင်းရမည်ဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားကာ ဆေးရောင်ပြောင်းရန် အသိပေးနှိုးဆော်ထားခြင်းဖြစ်သည်။
ကိုကျားကြီး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/11/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8-%e1%80%95%e1%80%bc%e1%80%b1%e1%80%b8%e1%80%86/