၂ဝ၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆုရသူများ ထုတ်ပြန်

၂ဝ၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆုရသူများ ထုတ်ပြန်

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသည် ၂ဝ၂၁ ခုနှစ်အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသော စာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို အောက်တိုဘာလကုန်ရက်များက ထုတ်ပြန်သည်။

ဝတ္ထုတိုဆုတွင် မင်းခိုက်စိုးစန်ရေးသားသည့် ဂျစ်ကန်ကန်ဝတ္ထုတို‌များစာအုပ် (ငါတို့စာပေတိုက်)၊ စာပဒေသာဆုတွင် စိုးတင့်(ဧရာဝတီ)ရေးသားသည့် ဖိုးထောင်ဇာတ်လမ်းစုံစာအုပ် (နိုင်ငံ့ဂုဏ်ရည်စာပေတိုက်)၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆုတွင် ရွှေကူနန်းနွဲ့နွဲ့ ရေးသားသည့် ညောင်ရမ်းခေတ်ဝန်ကြီးပဒေသရာဇာ၏ မဏိကက်ပြဇာတ်ကို တေးဂီတရှုထောင့်မှ လေ့လာခြင်းစာအုပ် (သစ္စာရောင်ခြည်စာပေတိုက်)၊ လူငယ်စာပေဆုတွင် အကြီးကိုကို(ကသာ)ရေးသားသည့် လူငယ် ၁ဝဝ မေးခွန်း ၁ဝဝ အဖြေ ၁ဝဝ စာအုပ် (အကြီးကိုကိုစာအုပ်တိုက်)၊ ဘာသာပြန်(သုတ)ဆုတွင် သက်ဆွေရေးသားသည့် အရှက်တကွဲ အကျိုးနည်းစာအုပ် (Myanmar Heritage Publishing)၊ သုတပဒေသာ (ဝိဇ္ဇာ)ဆုတွင် ပန်းတနော်ခင်မောင်မြင့် ရေးသားသည့် ရာမညစာအုပ် (ဇွန်ပန်းမွှေးမွှေးစာပေတိုက်)၊ သုတပဒေသာ(အသုံးချသိပ္ပံ)ဆုတွင် ဒေါက်တာသန်းထိုက်ရေးသားသည့် သိပ္ပံနည်းကျဒေတာ လမ်းပြစားသောက်ကုန် တာရှည်ခံထိန်းဓာတုပစ္စည်းများ စံချိန်စံညွှန်းပြည့်မီစွာ အသုံးပြုနည်းစာအုပ် (MCM Publishing )၊ အင်္ဂလိပ်ဘာသာ(သုတ)ဆုတွင် Maw TharHtwe (Mandalay) ရေးသားသည့် GLOBAL PERSPECTIVE VIEWS ON ENERGY AND ELECTRICITY စာအုပ် (Tha Zin – Sar Pay)၊ အင်္ဂလိပ်ဘာသာ(ရသ)ဆုတွင် Maung Swe Ngae ရေးသားသည့် Through the Window of Sarpay Beikman စာအုပ် (နိုင်ငံ့ဂုဏ်ရည်စာပေတိုက်) တို့ကိုရွေးချယ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့အတူ မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်လုံး အားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်ကအသိအမှတ်ပြုသောအားဖြင့် စာပေပညာရှင်ဆရာကြီး ဦးမြတ်သူ (တက္ကသိုလ်မြတ်သူ)၊ စာပေပညာရှင် ဆရာကြီးဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ စာပေပညာရှင် ဆရာကြီး ဒေါက်တာမျိုးသန့်တင်၊ စာပေပညာရှင် ဆရာမကြီးဒေါက်တာမတင်ဝင်းတို့အား ၂ဝ၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်ကြောင်း‌ သိရသည်။

အမျိုးသားစာပေတစ်သက်တာဆုကို တစ်ဦးလျှင် ငွေကျပ် သိန်း ၁ဝဝ ချီးမြှင့်မည်ဖြစ်ပြီး အမျိုးသားစာပေဆုများကို တစ်ဆုလျှင် ငွေကျပ် သိန်း ၃ဝ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/11/01/%e1%81%82%e1%80%9d%e1%81%82%e1%81%81-%e1%80%81%e1%80%af%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 11月 1, 2022 9:48 下午
下一篇 11月 5, 2022 11:48 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....