ပေကျင်းမြို့ရှိ မြန်မာသံရုံး၌ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ကျင်းပ

ပေကျင်းမြို့ရှိ မြန်မာသံရုံး၌ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ကျင်းပ

ပေကျင်းမြို့ရှိ မြန်မာသံရုံး၌ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ကျင်းပ

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ မြန်မာသံရုံး၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၄ ရက်နေ့တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသင်္ကြန်ပွဲတော်အခမ်းအနားသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွမ့်၊ အာဆီယံ-တရုတ်စင်တာ၊ အတွင်းရေးမှူးချုပ် မစ္စတာရှီကျုံးကျွင့်၊ တရုတ်နိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး၊ ပေကျင်းမြို့အခြေစိုက် အာဆီယံ သံရုံးများမှ သံတမန်များ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တရုတ်နိုင်ငံတွင် ပညာသင်ကြားလျက်ရှိသည့် မြန်မာကျောင်းသား/ကျောင်းသူများ၊ ပေကျင်းတက္ကသိုလ်ရှိ မြန်မာစာသင်ကြားနေသည့် တရုတ်ကျောင်းသား/ကျောင်းသူများ၊ မြန်မာစာဆရာမများ၊ ပေကျင်းမြို့ရှိမြန်မာအသိုင်းအဝိုင်းနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ပေကျင်းမြို့ရှိ မြန်မာသံရုံး၌ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ကျင်းပပေကျင်းမြို့ရှိ မြန်မာသံရုံး၌ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ကျင်းပပေကျင်းမြို့ရှိ မြန်မာသံရုံး၌ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ကျင်းပ

ပေကျင်းမြို့ရှိ မြန်မာသံရုံး၌ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ကျင်းပပေကျင်းမြို့ရှိ မြန်မာသံရုံး၌ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ကျင်းပပေကျင်းမြို့ရှိ မြန်မာသံရုံး၌ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ကျင်းပ

ရှေးဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ က နှစ်သစ်မင်္ဂလာဆုမွန်ကောင်း အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာသံအမတ်ကြီး၊ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ်စားလှယ်၊ အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး တို့က မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။

ပေကျင်းမြို့၊ မြန်မာသံရုံးနှင့်မြန်မာစစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ မြန်မာကျောင်းသား/ ကျောင်းသူများက မြူမှောင်ဝေကင်း အဖွင့်သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ပြီး သံအမတ်ကြီးက ဧည့်ပရိတ်သတ်များအား ပိတောက်ခက်ဖြင့် အတာရေပက်ဖျန်းခဲ့သည်။

ထို့နောက် ပေကျင်းမြို့၊ မြန်မာသံရုံး၊ မြန်မာစစ်သံရုံး၊ မြန်မာကျောင်းသား/ ကျောင်းသူများ၊ မြန်မာစာသင်ကြားနေသည့် တရုတ်ကျောင်းသား/ ကျောင်းသူများက မဟာသင်္ကြန် ယိမ်းအကများဖြင့် ပါဝင်သီဆိုကပြဖျော်ဖြေခဲ့ကြပါသည်။

ကြွရောက်လာကြသည့် ဧည့်သည်တော်များအား မြန်မာ့ရိုးရာမုန့်ဟင်းခါး၊ ရခိုင်မုန့်တီ၊ မုန့်လုံးရေပေါ်၊ သာကူစသည့် မြန်မာ့ရိုးရာအစားအစာများဖြင့် တည့်ခင်းဧည့်ခံခဲ့ပြီး မြန်မာ သံရုံး၊ ပေကျင်းမြို့၏ နှစ်သစ်ကူးအတာ သင်္ကြန်ပွဲတော်အား မြနန္ဒာသီချင်းဖြင့် ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/21/%e1%80%95%e1%80%b1%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%9b%e1%80%be%e1%80%ad-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%9e/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 21, 2023 9:25 上午
下一篇 4月 21, 2023 9:27 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....