အခြေခံစားသောက်ကုန်များ သိသိသာသာဈေးမြင့်လာ

ရွှေဈေး၊ ဒေါ်လာဈေး မတည်ငြိမ်ခြင်းနှင့်အတူ အခြေခံစားသောက်ကုန်များ သိသိသာသာဈေးမြင့်လာ

အခြေခံစားသောက်ကုန်များ သိသိသာသာဈေးမြင့်လာ

ယခုရက်ပိုင်းအတွင်း ရွှေဈေး၊ ဒေါ်လာဈေးများမှာ တည်ငြိမ်မှုမရှိဘဲ ပြင်ပပေါက်ဈေးမှာ ရုတ်တရက်ခုန်တက်လာပြီးနောက် အခြေခံစားသောက်ကုန်များမှာလည်း သိသိသာသာ ဈေးမြင့်တက်လာကြောင်း သိရသည်။

အမေရိကန်ဒေါ်လာဈေးနှုန်းသည် ဩဂုတ်လ ဒုတိယပတ်တွင် တစ်ဒေါ်လာလျှင် ပြင်ပပေါက်ဈေးမှာ ၃၇၀၀ ထိ ဖြစ်လာပြီး ဇူလိုင် ၃၁ ရက်နေ့က တစ်‌ဒေါ်လာလျှင် ၃,၃၈၀ ကျပ်၊ ဇူလိုင် ၁၅ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ကျပ် ၃,၁၄၀ ကျပ်၊ ဇူလိုင် ၁ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ကျပ် ၃,၀၈၀ ရှိခဲ့ကြောင်း ဈေးကွက်အချက်အလက်များအရ သိရသည်။

ရွှေဈေးမှာလည်း ဩဂုတ်လ ဒုတိယပတ်တွင် ၃၇ သိန်းကျော်ထိရှိခဲ့ပြီး ဩဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်း ဈေးဖွင့်ချိန်မှာ ရွှေဈေးသည် ၃၆ သိန်း ၅ သောင်းရှိပြီး အပိတ်ဈေး ၃၆၉၃၀၀၀ ကျပ်၊ အမြင့်ဆုံးစျေး ၃၇၂၇၀၀၀ ရှိကြောင်း ဈေးကွက်အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လကတည်းက အထွေထွေကုန်ဈေးနှုန်းများမှာ မြင့်တက်လျက်ရှိပြီး အခြေခံ စားသောက်ကုန် အပါအဝင် ဆန်နှင့်ဆီဈေးနှုန်းများပါ မြင့်တက်လျက်ရှိရာ ယခုရက်ပိုင်းအတွင်း ဆန်အချော တစ်အိတ် ကျပ်တစ်သောင်း (၁၀,၀၀၀) မှ နှစ်သောင်း ကြား(၂၀,၀၀၀) မြင့်တက်နေပြီး ဆန်ကြမ်းဈေး ငါးထောင်(၅၀၀၀)ကျပ်ကျော်မြင့် တက်သွားသည်ဟု ဆန်အရောင်းဆိုင်က သိရသည်။

အခြေခံစားသောက်ကုန်များ သိသိသာသာဈေးမြင့်လာ

လက်ရှိတွင် ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်လျှင် ကျပ် ၁၃၀,၀၀၀၊ ရွှေဘိုဧရာမင်းထူးရှယ် တစ်အိတ် ကျပ် ၁၀၈,၀၀၀ ၊ ကျားပျံတစ်အိတ် ကျပ် ၁၁၀,၀၀၀၊ ပေါ်ဆန်းမွှေးတစ်အိတ် ကျပ်  ၉၆,၀၀၀၊ ဆင်းသွယ် တစ်အိတ် ကျပ် ၈၆,၀၀၀ နှင့် ဇီယာရှယ်တစ်အိတ်ကျပ်  ၇၉,၀၀၀ ဝန်းကျင်ရှိပြီး ဈေးထပ်မံတက်ဖွယ်ရှိကြောင်း သိရသည်။

စားသုံးဆီဈေးနှုန်းမှာလည်း သိသိသာသာမြင့်တက်လာရာ သတ်မှတ် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄,၂၉၅ ဖြစ်ချိန်တွင် ပြင်ပပေါက်ဈေး စားအုန်းဆီလက်လီတစ်ပိဿာဈေး ဇူလိုင် ၁၆ ရက်နေ့က ကျပ် ၉၅၀၀၊ ဇူလိုင် ၃၁ ရက်နေ့တွင် ကျပ် ၁၀၅၀၀ ရှိခဲ့သည်။

သက်ဆိုင်ရာအဖွဲ့အစည်းများကလည်း ဈေးနှုန်းတည်ငြိမ်ရေးကို ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ဧည့်မထဆန် တစ်ပြည်(၂၅၀၀)ကျပ်၊ ဧရာဝတီပေါ်ဆန်း တစ်ပြည်ကို ကျပ်(၄၀၀၀)၊ စားအုန်းဆီ တစ်ပိဿာထည့်စရာပါရှိပါက(၄၄၀၀)ကျပ်နှုန်း ထည့်စရာမပါရှိပါက (၅၄၀၀)ကျပ်နှုန်းဖြင့် ပြည်သူ့ရင်ပြင်တွင် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

အလားတူ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး အစရှိသည့် နေ့စဉ်မီးဖိုချောင်သုံးသီးနှံများမှာလည်း ဈေးနှုန်းများ မြင့်တက်လာကြောင်း အိမ်ရှင်မများထံမှသိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/15/%e1%80%a1%e1%80%81%e1%80%bc%e1%80%b1%e1%80%81%e1%80%b6%e1%80%85%e1%80%ac%e1%80%b8%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1小时前
下一篇 48分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....