အကျဉ်းသား(၄)ဦးပြစ်ဒဏ်စီရင်အာရုံစူးစိုက်မှုမြင့်တက်

သေဒဏ်ကျခံရမည့် အကျဉ်းသား(၄)ဦးအား ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးစီးကြောင်း အစိုးရသတင်းစာတွင် ဖော်ပြရာ လူအများအာရုံစူးစိုက်မှုမြင့်တက်ခဲ့

အကျဉ်းသား(၄)ဦးပြစ်ဒဏ်စီရင်အာရုံစူးစိုက်မှုမြင့်တက်

သေဒဏ် ချမှတ်ခံထားရသည့် ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးတို့ကို ပြစ်ဒဏ်စီရင်ဆောင်ရွက် ပြီးစီးခဲ့ပြီဖြစ်ကြောင်း ဇူလိုင်လ ၂၅ ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြပါရှိသည်ကို သိရသည်။

သေဒဏ်ကျခံရမည့် အကျဉ်းသား(၄)ဦးအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးစီး ဟုသောခေါင်းစဉ်ဖြင့် ဖော်ပြထားခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်မှစ၍ နိုင်ငံတော်အတွင်း အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ရာ ယင်းလုပ်ရပ်များတွင် ဖြိုးဇေယျာသော် (ခ)မောင်ကျော်(ခ)ရေခဲ၊ ကျော်မင်းယု (ခ) ဂျင်မီ၊ လှမျိုးအောင် (ခ) ကိုမျိုး (ခ) ဝက်ကြီးနှင့် အောင်သူရဇော်(ခ) ကတုံး(ခ) သူရ တိုသည် ရက်စက်ပြီး လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များဖြစ်သော အကြမ်းဖက် သတ်ဖြတ်မှုများကို ကျူးလွန်ရာတွင် စီစဉ်ညွှန်ကြားခြင်း၊ စီမံဆောင်ရွက်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ကိုယ်တိုင်ပါဝင် ကျူးလွန်ခြင်းတိုကြောင့် အပြစ်မဲ့ပြည်သူ အများအပြား သေဆုံးခဲ့ရမှုအတွက် သက်ဆိုင်ရာ စစ်ခုံရုံး အသီးသီးက ကျူးလွန်သည့် ပြစ်မှုအလိုက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၏ သက်ဆိုင်ရာ ပြဋ္ဌာန်းချက် ပုဒ်မများ၊ ရာဇသတ်ကြီး၏ သက်ဆိုင်ရာပြဋ္ဌာန်းချက် ပုဒ်မများဖြင့် စွဲချက်တင်ပြီး ပြစ်မှုထင်ရှားသဖြင့် တရားခံလေးဦးအပေါ် သေဒဏ်ချမှတ်ရာ အဆိုပါတရားခံ လေးဦးအပေါ် အကျဉ်းထောင် လုပ်ထုံးလုပ်နည်းများအတိုင်း ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

ထိုသို့ သတင်းပါရှိပြီးချိန်တွင် လူမှုကွန်ရက်ပေါ်၌ သတင်းပျံ့နှံ့လာခဲ့ပြီး လူအများအာရုံစိုက်မှုမှာ မြင့်တက် လာခဲ့ပါသည်။ ကာယကံရှင်မိသားစုဝင်များကလည်း အများနည်းတူ သတင်းစာတွေ ပါရှိမှသာ အဆိုပါ သတင်းကို သိရှိခဲ့ကြခြင်းဖြစ်သည်ဟုသိရသည်။

“ကျမအနေနဲ့ကိုဂျင်မီရုပ်အလောင်းမတွေ့မချင်း ဆွမ်းမသွပ်ပါ၊ အမျှမဝေပါ၊ နာရေးမလုပ်ပါ” ဟု သေဒဏ်ကျခံရသူတစ်ဦးဖြစ်သည့် ဦးဂျင်မီ၏ ဇနီးဖြစ်သူ ဒေါ်နီလာသိန်း က ၎င်း၏လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်ကို တွေ့ရသည်။
အကျဉ်းသား(၄)ဦးပြစ်ဒဏ်စီရင်အာရုံစူးစိုက်မှုမြင့်တက်

ကောင်းကောင်း

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/07/27/6b0feba2ee/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 26, 2022 9:34 上午
下一篇 7月 28, 2022 7:45 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....