လေကြောင်း၊ ရေကြောင်းဖြင့် ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များထုတ်ပြန်

လေကြောင်း၊ ရေကြောင်းဖြင့် ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များထုတ်ပြန်

လေကြောင်း၊ ရေကြောင်းဖြင့် ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များထုတ်ပြန်

နိုင်ငံတကာလေကြောင်းခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များကို ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်လ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။

ခရီးသွားများအနေဖြင့် ကျန်းမာရေးကြေညာချက် (Health Declaratlon Form)ကို မြန်မာနိုင်ငံသို့ ဆိုက်ရောက်ချိန်တွင် သက်ဆိုင်ရာဝင်ထွက်ဂိတ်ရှိ ကျန်းမာရေးအရာရှိများထံသို့ တင်ပြရမည်ဖြစ်ပြီး မှန်ကန်စွာ ဖြည့်စွက်ခြင်းမရှိပါက ဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်သည်။

နိုင်ငံခြားသားခရီးသွားများအနေဖြင့် ကိုဗစ်-၁၉ဆိုင်ရာ ကျန်းမာရေးအာမခံဝယ်ယူထားကြောင်း အထောက်အထားအား သက်ဆိုင်ရာဝင်ထွက်ဂိတ်ရှိ ကျန်းမာရေးအရာရှိများထံသို့ တင်ပြရမည်ဖြစ်ပြီး  အထောက်အထား မတင်ပြနိုင်ပါက မြန်မာ့အာမခံလုပ်ငန်းထံမှ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးအာမခံ ဝယ်ယူရပါမည်ဖြစ်သည်။

လေကြောင်း၊ ရေကြောင်းဖြင့် ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များထုတ်ပြန်လေကြောင်း၊ ရေကြောင်းဖြင့် ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များထုတ်ပြန်လေကြောင်း၊ ရေကြောင်းဖြင့် ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များထုတ်ပြန်

ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံသို့ဆိုက်ရောက်ချိန်တွင် သက်ဆိုင်ရာ ဝင်ထွက်ဂိတ် ကျန်းမာရေးအရာရှိများက ဆောင်ရွက်သော ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် လိုအပ်သောကျန်းမာရေး စစ်ဆေးခြင်းတို့ကို ခံယူရမည်ဖြစ်ပြီး ကိုယ်အပူချိန်မြင့်တက်ခြင်း အပါအဝင် ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ တွေ့ရှိပါက RDT နည်းဖြင့် စစ်ဆေး၍ ကိုဗစ်-၁၉ ရောဂါရှိကြောင်း တွေ့ရှိလျှင် ၎င်းတို့ကို ကျန်းမာရေးအစီအမံများနှင့်အညီ ချက်ချင်း သီးခြားထားရှိမည်ဖြစ်ကာ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ဆေးရုံ (သို့မဟုတ်) ကုသရေးစင်တာ (သို့မဟုတ်) ဟိုတယ်သို့ လွှဲပြောင်း ပို့ဆောင်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကုသရေးလုပ်ငန်းလမ်းညွှန်များအတိုင်း ကုသမှုခံယူရမည်ဖြစ်သည်။ ခရီးသည်များအနေဖြင့် အဆိုပါကုန်ကျစရိတ်များကျခံရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် နေထိုင်စဉ်အတွင်း ကိုဗစ်-၁၉ ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက ခရီး သွားများအနေဖြင့် မိမိတို့ရောက်ရှိရာဒေသရှိ ကျန်းမာရေးဌာနသို့ သတင်းပေးပို့ရမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခြင်းမပြုမီ ၎င်းတို့ သွားရောက်မည့် (သို့မဟုတ်) ခရီးတစ်ထောက်ရပ်နားမည့် နိုင်ငံများ၏ လိုအပ်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ စစ်ဆေးမှု ပြုလုပ်လိုပါက ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားသည့် ဓာတ်ခွဲခန်းများတွင် မိမိစရိတ်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့မှ စတင်၍ (၂) နှစ်တာ ဆိုင်းငံ့ထားခဲ့သော နိုင်ငံတကာ ခရီးသည်တင် လေကြောင်းခရီးစဉ်များကို ၂၀၂၂ ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့မှ စတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ Terminal (1) တွင် ပြန်လည်ပြေးဆွဲပျံသန်းခဲ့ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/07/03/%e1%80%9c%e1%80%b1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%81%8a-%e1%80%9b%e1%80%b1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%96%e1%80%bc%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 30, 2023 9:40 下午
下一篇 7月 3, 2023 11:17 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....