ကူမင်းမြို့တွင်ကျင်းပသည့် Diplomatic Family Day 2023 သို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ပါဝင်တက်ရောက်

ကူမင်းမြို့တွင်ကျင်းပသည့် Diplomatic Family Day 2023 သို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ပါဝင်တက်ရောက်

ကူမင်းမြို့တွင်ကျင်းပသည့် Diplomatic Family Day 2023 သို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ပါဝင်တက်ရောက်

ဇွန်လ ၃၀ ရက်နေ့က ကူမင်းမြို့ရှိ Shining Star Hot Spring Hotel ၌ ကျင်းပပြုလုပ်သော Diplomatic Family Day 2023 အခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Diplomatic Family Day 2023 အခမ်းအနားကို ယူနန်ပြည်နယ်ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံးနှင့် ကူမင်းမြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံးများ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး အခမ်းအနားသို့ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံးမှ အရာရှိကြီးများ၊ ကူမင်းမြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ သံတမန်များနှင့် မိသားစုဝင်များ အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင် တက်ရောက်ခဲ့ကြသည်။

ကူမင်းမြို့တွင်ကျင်းပသည့် Diplomatic Family Day 2023 သို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ပါဝင်တက်ရောက်ကူမင်းမြို့တွင်ကျင်းပသည့် Diplomatic Family Day 2023 သို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ပါဝင်တက်ရောက်

အခမ်းအနားတွင် အိမ်ရှင်နိုင်ငံနှင့် ကူမင်းမြို့ ကောင်စစ်ဝန်ချုပ်ရုံး မိသားစုများမှ ဧည့်သည်တော်များအား မိမိတို့နိုင်ငံ၏ ရိုးရာ အစားအသောက်များ၊ အဆိုအကများဖြင့် တည့်ခင်းဧည့်ခံခဲ့ကြရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့အနေဖြင့် မြန်မာ့ရိုးရာအစားအစာ နို့စိမ်းခေါက်ဆွဲဖြင့် တည့်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/07/03/%e1%80%80%e1%80%b0%e1%80%99%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%9e/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 3, 2023 11:17 上午
下一篇 7月 3, 2023 11:18 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....