ပြည်တွင်းသုံး ပဲမာလိုင်းများ စံချိန်တင် ဈေးကောင်းနေ

ပို့ကုန်ပဲနှင့် ကုလားပဲအုပ်စု ဈေးကျဆင်းနေပြီး ပြည်တွင်းသုံး ပဲမာလိုင်းများ စံချိန်တင် ဈေးကောင်းနေ

ပြည်တွင်းသုံး ပဲမာလိုင်းများ စံချိန်တင် ဈေးကောင်းနေ

ပဲနှမ်းဈေးကွက်တစ်ခုလုံးတွင် ပို့ကုန်ပဲနှမ်းများနှင့် ပြည်တွင်းသုံးကုလားပဲအုပ်စု ဈေးကျဆင်းသွားပြီး ပြည်တွင်းသုံးပဲမာလိုင်းများမှာ စံချိန်တင် ဈေးကောင်းနေကြောင်း ပဲနှမ်း ကုန်သည်များထံက သိရသည်။

ပို့ကုန်ပဲမျိုးစုံမှာ နိုင်ငံခြားငွေဈေး ပြည်တွင်းရွှေဈေးများပေါ် အခြေခံမြင့်တက်လေ့ရှိသော်လည်း လက်ရှိအချိန်တွင် နိုင်ငံခြားသို့ တင်ပို့နိုင်မှု ရပ်ဆိုင်းနေခြင်းကြောင့် ဈေးအနည်းငယ် ကျဆင်းမှုရှိသော်လည်း အမြင့်ဈေးအတိုင်း ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ပဲကုန်သည်များထံက သိရသည်။

ပို့ကုန် မတ်ပဲနှင့်ပဲစင်းငုံတို့မှာ  နိုင်ငံခြားတင်ပို့နိုင်ခြင်းမရှိသေးတဲ့အတွက် စောင့်ကြည့်ဝယ်ယူနေခြင်းကြောင့် ယခင်သီတင်းပတ်တွင် သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀၀ ကျော် ဈေးကျဆင်းသွားကြောင်း၊ အသစ်ဝင်ရောက်နေသည့် ပဲတီစိမ်းနှင့် နှမ်းဖြူတို့မှာ ဈေးကောင်းရရှိနေကြောင်း ဦးကျော်သွင်(ရွှေစင် သိန်း)ပွဲရုံက ပြောသည်။

“ပဲတီစိမ်းနဲ့ မြေပဲက တရုတ်လိုင်းတင်ပို့မှု မပြုလုပ်နိုင်တော့ ဈေးကျဆင်းနေပါတယ်။  အရင်ကဆိုရင် ပဲတီစိမ်းအညာ အသစ်ဝင်သလောက် အဝယ် ကောင်းခဲ့ပါတယ်။ လက်ရှိမှာ မြေပဲဆန်တွေကို ပြည်တွင်းဆီစက်တွေကသာ ခက်သွက်သွက် ဝယ်ယူနေတာပါ။ ပို့ကုန်မတ်ပဲနဲ့ ပဲစင်းငုံကလည်း   ဈေးကျဆင်းနေပါတယ်။ အသစ်ဝင် ဂျပန် နှမ်းဖြူနဲ့ လက်ကျန်နည်းလာတဲ့ ပြည်တွင်းသုံး ပဲမာလိုင်းတွေ ကတော့ စံချိန်တင်ဈေးကောင်း နေတာပါ။ နိုင်ငံခြားတင်ပို့နိုင်ခြင်းမရှိသေးတဲ့ ပို့ကုန်ပဲတွေ ကတော့ ဈေးကျဆင်းသွားပေမယ့် အမြင့်ဈေးအတိုင်း ရှိနေတာပါ” ဟု ၎င်းက ပြောသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/06/30/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%af%e1%80%b6%e1%80%b8-%e1%80%95%e1%80%b2%e1%80%99%e1%80%ac%e1%80%9c%e1%80%ad%e1%80%af%e1%80%84%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 30, 2023 9:38 下午
下一篇 7月 3, 2023 11:17 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....