ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ပြစ်ဒဏ်အချို့မှ လွတ်ငြိမ်းသက်သာခွင့်များပေး

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ပြစ်ဒဏ်အချို့မှ လွတ်ငြိမ်းသက်သာခွင့်များပေး

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ပြစ်ဒဏ်အချို့မှ လွတ်ငြိမ်းသက်သာခွင့်များပေးဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ပြစ်ဒဏ်အချို့မှ လွတ်ငြိမ်းသက်သာခွင့်များပေး

ဖမ်းဆီးထောင်ချခံထားရသည့် သမ္မတဟောင်းဦးဝင်းမြင့် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံဟောင်း ဒေါ်အောင်ဆန်းစုကြည် တို့၏ ပြစ်ဒဏ်စီရင်ထားသည့် အမှုများမှ ပြစ်ဒဏ်အချို့ လွတ်ငြိမ်းသက်သာခွင့်ပေးကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အစောဆုံးစွဲဆိုခဲ့သော စွဲဆိုခဲ့သောအမှုငါးမှုအတွက် ထောင်ဒဏ် ၆ နှစ်၊ ဦးဝင်းမြင့်အပေါ် စွဲဆိုခဲ့သည့် အမှုနှစ်မှုအတွက် ထောင်ဒဏ် ၄ နှစ် လျှော့ပေါ့လိုက်ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြောင်း မီဒီယာအချို့တွင် ဖော်ပြထားသည်။

ဩဂုတ်လ ၁ ရက်နေ့တွင်ထုတ်ပြန်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ်၊ ၄၈ / ၂၀၂၃ အရ ဒေါ်အောင်ဆန်းစုကြည်အပေါ် သက်ဆိုင်ရာ တရားရုံးများက ပြစ်မှုထင်ရှားစီရင်ပြီး ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် ရာဇဝတ်မှုကြီးအမှတ်၊ ၃၅/၂၀၂၁ ၊ ရာဇဝတ်မှုကြီးအမှတ်၊ ၃၇/၂၀၂၁ ရာဇဝတ်မှုကြီးအမှတ်၊ ၇၁/၂၀၂၁ ၊ ရာဇဝတ်မှုကြီး အမှတ်၊ ၃၈/၂၀၂၁ ၊ ရာဇဝတ်မှုကြီးအမှတ်၊ ၄၅/၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ထို့အတူ အမိန့်အမှတ်၊ ၄၉ / ၂၀၂၃ အရ ဦးဝင်းမြင့်အပေါ် သက်ဆိုင်ရာ တရားရုံးများက ပြစ်မှုထင်ရှားစီရင်ပြီး ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် ရာဇဝတ်မှုကြီးအမှတ်၊ ၃၅/၂၀၂၁ ၊ ရာဇဝတ်မှုကြီးအမှတ်၊ ၃၆/၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းသက်သာခွင့်ပြု လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/01/%e1%80%92%e1%80%b1%e1%80%ab%e1%80%ba%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%86%e1%80%94%e1%80%ba%e1%80%b8%e1%80%85%e1%80%af%e1%80%80%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%be%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 1, 2023 7:37 下午
下一篇 8月 1, 2023 7:41 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....