အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက နစကကို (၆)လ သက်တမ်း ထပ်မံတိုးမြှင့်ကြောင်းကြေညာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကို ဇူလိုင်လ(၃၁)ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ကကျင်းပခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ၂၀၂၃၊ သြဂုတ်လ၁ရက်မှ စတင်ပြီး (၆)လသက်တမ်း တိုးမြှင့်လိုက်ကြောင်း ကြေညာချက်အမှတ်(၂/၂၀၂၃)ကို ထုတ်ပြန်ကြေညာခဲ့သည်။
အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုခန့်
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/01/%e1%80%94%e1%80%85%e1%80%80%e1%80%80%e1%80%ad%e1%80%af-%e1%81%86%e1%80%9c-%e1%80%9e%e1%80%80%e1%80%ba%e1%80%90%e1%80%99%e1%80%ba%e1%80%b8-%e1%80%91%e1%80%95%e1%80%ba%e1%80%99%e1%80%b6%e1%80%90/