တရုတ်နိုင်ငံခရီးသွားလာရေး မိတ်ဆက်ပွဲအခမ်းအနား

“မင်္ဂလာအဖြာဖြာဆုံစည်းရာ လက်ဖက်ရည်ကြမ်းအနုပညာ” နှင့် တရုတ်နိုင်ငံခရီးသွားလာရေး မိတ်ဆက်ပွဲအခမ်းအနားကျင်းပ

တရုတ်နိုင်ငံခရီးသွားလာရေး မိတ်ဆက်ပွဲအခမ်းအနား

“မင်္ဂလာအဖြာဖြာဆုံစည်းရာ လက်ဖက်ရည်ကြမ်းအနုပညာ” နှင့် တရုတ်နိုင်ငံခရီးသွားလာရေး မိတ်ဆက်ပွဲ ဖွင့်ပွဲအခမ်းအနားအား သြဂုတ်လ ၁ ရက်နေ့တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Ms. Cao Jing ၊ ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနအဖွဲ့ခေါင်းဆောင် Mr. Zhang Biwei ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး တို့တက်ရောက် အမှာစကားပြောကြားခဲ့ကြပြီး မြန်မာနိုင်ငံအခြေစိုက် အမေရိကန်၊ စင်ကာပူ၊ အင်ဒိုနီးရှားစသည့်နိုင်ငံမှ သံတမန်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်း၊ မြန်မာနိုင်ငံရှိ တရုတ်ကုန်သည်လုပ်ငန်းရှင်များအသင်း (CECCM) စသည့် နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

တရုတ်နိုင်ငံခရီးသွားလာရေး မိတ်ဆက်ပွဲအခမ်းအနားတရုတ်နိုင်ငံခရီးသွားလာရေး မိတ်ဆက်ပွဲအခမ်းအနား

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Ms. Cao Jing ၊ ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနအဖွဲ့ခေါင်းဆောင် Mr. Zhang Biwei ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး တို့တက်ရောက် အမှာစကားပြောကြားခဲ့ကြပြီး မြန်မာနိုင်ငံအခြေစိုက် အမေရိကန်၊ စင်ကာပူ၊ အင်ဒိုနီးရှားစသည့်နိုင်ငံမှ သံတမန်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်း၊ မြန်မာနိုင်ငံရှိ တရုတ်ကုန်သည်လုပ်ငန်းရှင်များအသင်း (CECCM) စသည့် နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Ms. Cao Jing က “တရုတ်ရိုးရာလက်ဖက်ပြုလုပ်မှုလက်ရာနှင့် သက်ဆိုင်ရာဓလေ့ထုံးစံ” များသည် ၂၀၂၂ ခုနှစ်တွင် ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် ထည့်သွင်းခြင်းခံရကာ ကမ္ဘာ့ပြည်သူများ၏ ဘုံပိုင်ဆိုင်မှုဖြစ်လာခဲ့ကြောင်း၊ ယခုနှစ် မတ်လတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်က ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံအား အဆိုပြုခဲ့ပြီး နိုင်ငံတကာလူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်၍ နိုင်ငံအသီးသီးပြည်သူများ အပြန်အလှန် ရင်းနှီးသိရှိမှုအား တိုးမြှင့်ရန် အားပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများနှင့်အတူ ကမ္ဘာလုံးဆိုင်ရာလူသားယဉ်ကျေးမှုအစီအမံအား လက်တွေ့ဖော်ဆောင်၍ လက်ဖက်ရည်ကြမ်းဖြင့် ကြားခံကာ လူမှုယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ စီးပွားကုန်သွယ်ရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်သွားလိုကြောင်း၊ မိတ်ဆွေများကလည်း ယခုအကြိမ်လှုပ်ရှားမှုမှတစ်ဆင့် တရုတ်ယဉ်ကျေးမှုခရီးသွားရေး၏ ဆွဲဆောင်မှုအား ခံစားသိရှိနိုင်ရန် မျှော်လင့်ပါကြောင်း၊ ခရီးသွားလုပ်ငန်းလောကသည်လည်း “Belt and Road” အဆိုပြုချက်နှင့် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေးမှ သယ်ဆောင်လာသည့် အခွင့်အလမ်းများအား အမိအရဖမ်းဆုပ်ကာ နှစ်နိုင်ငံယဉ်ကျေးမှု ခရီးသွားလာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် အားသစ်ဖြည့်သွင်းပေးရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက မြန်မာနိုင်ငံသည် တရုတ်နိုင်ငံကဲ့သို့ပင် ရှေးယခင်ကတည်းက တမူထူးခြားသည့် လက်ဖက်ယဉ်ကျေးမှုရှိခဲ့ကြောင်း၊ ယခုအကြိမ် “လက်ဖက်ရည်ကြမ်းဖြင့်မိတ်ဖွဲ့ခြင်း” လှုပ်ရှားမှုမှတစ်ဆင့် မြန်မာ-တရုတ်နှစ်နိုင်ငံသည် လက်ဖက်ရည်ကြမ်းယဉ်ကျေးမှုကြားခံဖြင့် ယဉ်ကျေးမှုခရီးသွားလာရေးကဏ္ဍတွင် ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုများအားမြှင့်တင်ပြီး မြန်မာ-တရုတ်ချစ်ကြည်ရေး အဆက်မပြတ် ရှေ့သို့တိုးတက်လာရေးအတွက် တွန်းအားပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနအဖွဲ့ခေါင်းဆောင် Mr. Zhang Biwei က ယခုအကြိမ်လှုပ်ရှားမှုသည် ယူနန်ပြည်နယ်၏ ယဉ်ကျေးမှုအခမ်းအနားဖြစ်ကြောင်း၊ မြန်မာနိုင်ငံပြည်သူများက ယူနန်အပေါ်နားလည်သိရှိမှုကိုတိုးမြှင့်၍ ယူနန်-မြန်မာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မည်ဟုယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံဒေသအသီးသီးမှ မိတ်ဆွေများက ယူနန်ပြည်နယ်သို့လာရောက်၍ တောတောင်ရေမြေ၊ လူမှုယဉ်ကျေးမှု၊ စားကောင်းသောက်ဖွယ်များအား မြည်းစမ်းရှုစားကာ “ယူနန်ဟုခေါ်သည့် လူနေမှုဘဝ” ကို လက်တွေ့ခံစားရန် လှိုက်လှဲစွာဖိတ်ခေါ်အပ်ပါကြောင်း ပြောကြားခဲ့သည်။

ဧည့်သည်တော်များက တရုတ်နိုင်ငံခရီးသွားလာရေးမိတ်ဆက်မှု၊ လက်ဖက်ရည်ကြမ်း လက်ရာနှင့် စားကောင်းသောက်ဖွယ်မြည်းစမ်းမှု၊ ရိုးရာအဆိုအကတင်ဆက်ဖျော်ဖြေမှု၊ ယူနန်တိုင်းရင်းသားဝတ်စုံပြသမှု စသည့်လှုပ်ရှားမှုများစွာတွင်ပါဝင်ခဲ့ကြသည်။

အခမ်းအနား၌ လက်ဖက်မွှေးနံ့သင်းပျံ့နေပြီး စည်ကားသိုက်မြိုက်နေပါသည်။ ဧည့်သည်တော်များကလည်း တရုတ်နိုင်ငံလက်ဖက်ရည်ကြမ်းလက်ရာနှင့် ယဉ်ကျေးမှုခရီးသွားလာရေး၏ တမူထူးခြားသော ဆွဲဆောင်မှုများကို အနီးကပ်ခံစားလေ့လာခွင့်ရခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/03/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%81%e1%80%9b%e1%80%ae%e1%80%b8%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%9c%e1%80%ac/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 1, 2023 7:41 下午
下一篇 8月 3, 2023 10:36 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....