ချုံချင့်ခရီးသွားကုန်စည်ပြပွဲတွင်ပြသရန်ဖိတ်ခေါ်

တရုတ်နိုင်ငံ၊ ချုံချင့်မြို့၌ပြုလုပ်မည့် ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားကုန်စည် ပြပွဲတွင် မြန်မာနိုင်ငံမှ ပြခန်းများ ခင်းကျင်းပြသရန် ဖိတ်ခေါ်

ချုံချင့်ခရီးသွားကုန်စည်ပြပွဲတွင်ပြသရန်ဖိတ်ခေါ်

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ ချုံချင့်မြို့၌ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားကုန်စည် ပြပွဲကျင်းပရာတွင် ပြခန်းပေါင်း (၁၅၀) ခင်းကျင်းပြသရန် စီစဉ်ထားရှိပြီး မြန်မာနိုင်ငံမှ ခရီးသွားပြခန်းများ ခင်းကျင်းပြသသွား နိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် ခရီးသွားအသင်း အဖွဲ့များကို ဖိတ်ကြားသွားလိုကြောင်း သိရသည်။

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ ချုံချင့်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာမြှင့်တင်ရေးဗဟိုဌာန၏ အတွင်းရေးမှူးချုပ်ဖြစ်သူ မစ္စတာ ကျောက်ကျားအောက်ဝ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့် ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းက ဝန်ကြီးဌာန နီလာခန်းမ၌ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ချုံချင့်မြို့တွင် တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုဖိုရမ်၊ တရုတ်-မြန်မာ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွား ကုန်စည်ပြပွဲ၊ လန်ချန်း-မဲခေါင် ခရီးသွားမိတ်ဖက် မြို့တော်ရက်သတ္တပတ် အစီအစဉ်တို့ကို ကျင်းပရန်စီစဉ်ထားခြင်းလည်း ဖြစ်ပြီး အဆိုပါယဉ်ကျေးမှုဆိုင်ရာ ခရီးသွားကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို အွန်လိုင်းမှ တိုက်ရိုက်မြှင့်တင် ကြော်ငြာသွားမည့် အစီအစဉ်များကြောင်း သိရသည်။

ယခုပြပွဲအားနှစ်စဉ် ပုံမှန်ကျင်းပနိုင်ရေး ကိုလည်း စီစဉ်လျာထားပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ချုံချင့်မြို့ရှိ ခရီးသွားပြည်သူများကို ဆွဲဆောင်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ချုံချင့်မြို့ရှိ ခရီးသွားပြည်သူများအနေဖြင့် မြန်မာနိုင်ငံသို့ ပိုမိုလာရောက်လည်ပတ်နိုင်ရေး အတွက် တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းပြေးဆွဲပေးနိုင်ပါက ပိုမိုအဆင်ပြေနိုင်ပါကြောင်း တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ ချုံချင့်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာမြှင့်တင်ရေးဗဟိုဌာန၏ အတွင်းရေးမှူးချုပ်ဖြစ်သူ မစ္စတာ ကျောက်ကျားအောက်ဝ် ကပြောသည်။

မြန်မာနိုင်ငံဆိုင်ရာမြှင့်တင်ရေး ဗဟိုဌာနသည် ချုံချင့်မြို့ရှိ ပြည်သူများသာမက တရုတ်ပြည်အနောက်ပိုင်း အထိပါ မြန်မာနိုင်ငံအား ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး တရုတ်-မြန်မာ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို တိုးမြှင့်လုပ်ဆောင်သွားနိုင်ရန်အတွက် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/12/29/%e1%80%81%e1%80%bb%e1%80%af%e1%80%b6%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%b7%e1%80%81%e1%80%9b%e1%80%ae%e1%80%b8%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%85/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 12月 27, 2022 3:31 下午
下一篇 12月 29, 2022 2:34 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....