မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သံတမန် ဆက်ဆံရေး ထူထောင်မှု (၇၃)နှစ်မြောက် နှစ်ပတ်လည်နေ့

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သံတမန် ဆက်ဆံရေး ထူထောင်မှု (၇၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပ

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သံတမန် ဆက်ဆံရေး ထူထောင်မှု (၇၃)နှစ်မြောက် နှစ်ပတ်လည်နေ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်မှု (၇၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးသည့် အခမ်းအနားတစ်ရပ်ကို ဇွန်လ ၈ ရက်နေ့၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ M-Gallery ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါအခမ်းအနား၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အထိမ်းအမှတ်မိန့်ခွန်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr. Chen Hai ကလည်း အထိမ်းအမှတ်အမှာစကား ပြောကြားခဲ့သည်။

အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြသည်။

အခမ်းအနား၌ သဘောတူညီချက် (၄)ခုကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သံတမန် ဆက်ဆံရေး ထူထောင်မှု (၇၃)နှစ်မြောက် နှစ်ပတ်လည်နေ့မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သံတမန် ဆက်ဆံရေး ထူထောင်မှု (၇၃)နှစ်မြောက် နှစ်ပတ်လည်နေ့မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သံတမန် ဆက်ဆံရေး ထူထောင်မှု (၇၃)နှစ်မြောက် နှစ်ပတ်လည်နေ့မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သံတမန် ဆက်ဆံရေး ထူထောင်မှု (၇၃)နှစ်မြောက် နှစ်ပတ်လည်နေ့

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ တို့အကြား တရုတ်နိုင်ငံက အကူအညီပေးသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအတွက် လွှဲပြောင်း/ လက်ခံလွှာများကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr. Chen Hai တို့က လက်မှတ် ရေးထိုးခဲ့ကြပါသည်။ အဆိုပါသဘောတူညီချက်အရ တရုတ်နိုင်ငံက မြန်မာနိုင်ငံသားများအတွက် အမေရိကန်ဒေါ်လာ (၆.၉) သန်းတန်ဖိုးရှိ ကာကွယ်ဆေး(၃)သန်းနှင့် ဆေးထိုးအပ်များ ထောက်ပံ့ပေးအပ်မည်ဖြစ်ပါသည်။

အစိုးရနည်းပညာကောလိပ်(မန္တလေး)အတွက် အွန်လိုင်းဝန်ဆောင်မှုနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့သည့် စီမံကိန်းဆိုင်ရာ သဘောတူညီချက်ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr. Chen Hai တို့က လဲလှယ်ခဲ့ကြပါသည်။ အဆိုပါစီမံကိန်းသည် တရုတ်နိုင်ငံသုံးငွေကြေး ယွမ် ၇၁၇,၂၀၀ တန်ဖိုးရှိသည့် စီမံကိန်းဖြစ်ပါသည်။

အောင်ဆန်းအားကစားကွင်း ပြန်လည်တည်ဆောက်ရေးအတွက် ဆန်းစစ်လေ့လာမှု ပြုလုပ်မည့် စီမံကိန်းဆိုင်ရာ သဘောတူညီချက်ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr. Chen Hai တို့က လဲလှယ်ခဲ့ကြပါသည်။ အဆိုပါသဘောတူညီချက်အရ တရုတ်နိုင်ငံက မြန်မာနိုင်ငံအား တရုတ်နိုင်ငံသုံးငွေကြေး ယွမ် ၂,၀၀၀,၀၀၀ ကို စီမံကိန်းအတွက် ထောက်ပံ့ပေးအပ်မည်ဖြစ်ပါသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းမှုဆိုင်ရာ သဘောတူညီချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr. Chen Hai တို့က လက်မှတ်ရေးထိုး ခဲ့ကြပါသည်။ အဆိုပါသဘောတူညီချက်အရ တရုတ်နိုင်ငံက မြန်မာနိုင်ငံ၌ စိုက်ပျိုးရေး၊ မွေးမြူရေး ဆိုင်ရာ သုတေသန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အရည်အသွေးမြှင့်တင်ရေး၊ သိပ္ပံနှင့်နည်းပညာ၊ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးနယ်ပယ်များ၌ ဝန်ကြီးဌာန (၇)ခုက အကောင်အထည်ဖော်ဆောင်ရွက်မည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်း စုစုပေါင်း (၁၄) ခုအတွက် အမေရိကန်ဒေါ်လာ ၃.၈ သန်းကို မြန်မာနိုင်ငံထံသို့ လွှဲပြောင်းပေးအပ်မည် ဖြစ်ပါသည်။

၂၀၁၇ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ မြန်မာနိုင်ငံအနေဖြင့် လက်ခံရရှိခဲ့သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်း အရေအတွက်မှာ ၁၀၆ ခု အထိ ရှိလာခဲ့ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက ထောက်ပံ့ပေးအပ်သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၃၁.၄ သန်းခန့်တန်ဖိုးရှိ အကူအညီများ လက်ခံရရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/06/12/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%90%e1%80%9b%e1%80%af%e1%80%90/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 12, 2023 11:19 上午
下一篇 6月 12, 2023 11:21 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....